ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေနှင့် ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ပညာရေးဝန်ကြီး H.E. Prof. Anek Laothamatas တို့တွေ့ဆုံ
နေပြည်တော် ၂၀၂၃ ဇန်နဝါရီ ၃၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ပညာရေးဝန်ကြီး H.E. Prof. Anek Laothamatas နှင့် ထိုင်းနိုင်ငံ ပညာရေးကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

