အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲသို့ ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံတက္ကသိုလ်အားကစားအဖွဲ့ ပထမအသုတ် ထိုင်းနိုင်ငံသို့ ထွက်ခွာ
ရန်ကုန် ၂၀၂၂ ဇူလိုင် ၂၅
ထိုင်းနိုင်ငံ အွန်ဘွန်ရတ်ချဌာနီတွင် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၆ ရက်အထိ ကျင်းပမည့် အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကစားမည့် မြန်မာနိုင်ငံ တက္ကသိုလ်အားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားကာ ပို့ဆောင် နှုတ်ဆက်ကြသည်။
