May 2026

ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် အမှတ်(၁) တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်းနှင့် လှည်းကူးပညာ‌ရေးဒီဂရီကောလိပ်တို့ ကြည့်ရှု

ရန်ကုန် ၂၀၂၆ မေ ၃၁
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက်ရှိ အမှတ်(၁)တပ်မတော် လူငယ်ပညာရေး သင်တန်းကျောင်း(ရဲမွန်)သို့ ရောက်ရှိသည်။

ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း‌ဒေသကြီးတို့၌ ကျောင်းအပ်နှံရေးလှုပ်ရှားမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန် ၂၀၂၆ မေ ၃၀
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဒါးက အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ရွက်နေမှုနှင့် ကျောင်းဆောင်သစ် တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဒုတိယဝန်ကြီးဦးနေမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးလှုပ်ရှားမှုများနှင့် တည်ဆောက်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၆ မေ ၂၉
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတို့သို့ ရောက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ၂၀၂၆ မေ ၂၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

၂၀၂၆-၂ဝ၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၆ မေ ၂၅
၂၀၂၆-၂ဝ၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းရှိ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့် ရန်ကုန်တက္ကသိုလ် သုတေသနနှင့် တီထွင်ဆန်းသစ်မှု စင်တာတွင် သုတေသနစာတမ်းများ ရှင်းလင်းတင်ပြမှု တက်ရောက်အားပေး

နေပြည်တော် ၂၀၂၆ မေ ၂၅
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် သုတေသနနှင့်တီထွင်ဆန်းသစ်မှုစင်တာ၌ သုတေသနစာတမ်းများ ဖတ်ကြားရှင်းလင်းမှုကို တက်ရောက်အားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ပေးသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်ဖွံ့ဖြိုးတိုးတက်မှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၆ မေ ၂၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ) ဥပဓိရုပ်ကောင်းမွန်ရေးနှင့် တက္ကသိုလ်မုခ်ဦး၊ ရေကန်များနှင့် မြေယာရှုခင်းများကို ကြည့်ရှုသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် မန္တလေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မန္တလေး ၂၀၂၆ မေ ၂၃
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဝက်ဝံ)၊ အခြေခံပညာ မူလတန်းကျောင်း(ကုန်းဘောကျေးရွာ)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ရေငယ်)၊ အခြေခံပညာအထက်တန်းကျောင်း (မိုးကြိုးစံပြ)၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ပြင်ဦးလွင်)၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း(ပြင်ဦးလွင်)နှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (အောင်ချမ်းသာ)တို့တွင် ကျောင်းဆောင်သစ်များ တိုးချဲ့တည်ဆောက်ရန် လျာထားမြေနေရာများ၊ ကျောင်းအပ်နှံရေး သီတင်းပတ်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပ

နေပြည်တော် ၂၀၂၆ မေ ၂၁
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်း၊ မြို့မဈေးအနီး၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ပညာရေးမှူး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ၂၀၂၆ မေ ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Pages