August 2025

မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကျင်းပရေး တွေ့ဆုံ‌ဆွေးနွေး

နေပြည်တော် ၂၀၂၅ ဩဂုတ် ၂၉
မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကျင်းပရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် မိတ္ထီလာမြို့ရှိ တက္ကသိုလ်များ၊ ပညာရေး ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၅ ဩဂုတ် ‌‌၂၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မိတ္ထီလာစီးပွားရေးတက္ကသိုလ်သို့ ရောက်ရှိကာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့် မိတ္ထီလာစီးပွားရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားသည်။

ကျောင်းသား ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရန် Career Fair & Career Forum 2025 ကျင်းပ

နေပြည်တော် ၂၀၂၅ ဩဂုတ် ၂၅
ပထမအကြိမ် Career Fair & Career Forum 2025 ကို ယနေ့ နံနက် ၉ နာရီတွင် Naypyitaw State Academy ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများ၊ ခေတ္တပါမောက္ခချုပ်၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံ

နေပြည်တော် ၂၀၂၅ သြဂုတ် ၂၄
ကျောင်းသား ကျောင်းသူများကို မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်အတွက် နိုင်ငံတော်သီချင်းသီဆိုခြင်း၊ နိုင်ငံတော်အလံအလေးပြုခြင်းများကို မပျက်မကွက်ဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ယနေ့ပြောကြားသည်။

ကျောင်းသား ကျောင်းသူများ လိမ္မာရေးခြားရှိရေး၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် မြင့်မားတိုးတက်စေရေး ဆရာ ဆရာမများက စံနမူနာပြဆောင်ရွက်

နေပြည်တော် ၂၀၂၅ ဩဂုတ် ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သဲကောကြီး အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာသင်ယူနေမှုကို ကြည့်ရှုအားပေးစကား ပြောကြားသည်။

ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ကျင်းပရေး ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ‌ဆွေးနွေး

နေပြည်တော် ၂၀၂၅ ဩဂုတ် ၁၂
မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး တွေ့ဆုံဆွေးနွေး

နေပြည်တော် ၂၀၂၅ ဩဂုတ် ၈
မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ကျင်းပရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ မြို့မိမြို့ဖများ၊ ကျောင်းသား‌ဟောင်းများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ် Mr.Yasumasa Kimura အား လက်ခံတွေ့ဆုံ

နေပြည်တော် ၂၀၂၅ ဩဂုတ် ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (United Nations Children’s Fund - UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေနေယ်စားလှယ် Mr.Yasumasa Kimura အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တရုတ် - မြန်မာ ချစ်ကြည်ရေးကျောင်းများသို့ ကျောင်းသုံးပစ္စည်းများလှူဒါန်း

နေပြည်တော် ၂၀၂၅ သြဂုတ် ၆
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် China Foundation for Rural Development (CFRD) တို့က တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းများသို့ ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် Naypyitaw State Academy အတွင်း ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၅ ဩဂုတ် ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့ ရောက်ရှိပြီး စာကြည့်တိုက်ရှိစာအုပ်စာရင်းများ စနစ်တကျထားရှိမှု၊ Online Public Access (OPAC) ကက်တလောက်စနစ်၊ Self-check ဖြင့် ကိုယ်တိုင်စာအုပ်များ ငှားနိုင်သည့်စနစ် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

Pages