နေပြည်တော် ၂၀၂၆ ဇူလိုင် ၉
ပညာရေးဝန်ကြီးဌာန Naypyitaw State Academy အပန်းဖြေရိပ်သာ(Recreation Centre) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ၌ကျင်းပသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်နှင့် ပါမောက္ခချုပ် ဒေါက်တာနုနုလွင်တို့က အပန်းဖြေရိပ်သာ (Recreation Centre)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ကမ္ဗည်းမော်ကွန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က စက်ခလုတ်နှိပ်ဖွင့်လှစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က အမှာစကားပြောကြားပြီး အဆောက်အအုံဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပါမောက္ခချုပ်ထံ Recreation Centre ကို လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စု၀န်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့အား ပါမောက္ခချုပ်က ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့က Recreation Centre အတွင်းပါဝင်သည့် Fitness Center ခန်းများ၊ Cafeteria ခန်းနှင့် BUDDY Mini mart များကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
