ပညာရေးဝန်ကြီးဌာန၏ ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပ

 

နေပြည်တော် ၂၀၂၆ ဧပြီ ၁၇

 

ပညာရေးဝန်ကြီးဌာနမိသားစုများ၏ ဇီဝိတဒါနငါးလွှတ်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့ညနေပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ လျိုပိတ်ဆည်၌ ကျင်းပသည်။

 

ငါးလွှတ်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ငါးလွှတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်ကာ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ရွှေဝါငါးကြင်း စုစုပေါင်းကောင်ရေ ၃၉၅၀ ကို လျှိုပိတ်ဆည်အတွင်းသို့ ဇီဝိတဒါနအဖြစ် ကုသိုလ်ပြုလွှတ်ပေးခဲ့ကြကြောင်းသိရသည်။