ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၁၀

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ် များ၏ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ တက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ၊ ဌာနမှူးများက Online ဖြင့် တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက သိပ္ပံပွဲတော် (Science Festival) ကျင်းပရေး၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ သုတေသနညီလာခံကျင်းပရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူ များအတွက် အလုပ်အကိုင်ရရှိရေး အထောက်အကူပြု အတတ်ပညာကျွမ်းကျင်မှု (Skilled Labour) သင်တန်းများ ဖွင့်လှစ်ရေး၊ မူလတန်းပြဆရာ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေး မြှင့်တင်မှု သင်တန်းဖွင့်လှစ်ရေး၊ အရည်အသွေးအာမခံမှု (QA) စနစ် အကောင်အထည်ဖော်ရေး၊ သင်ကြားသင်ယူမှုတွင် ဉာဏ်ရည်တုနည်းပညာအသုံးပြုရေး၊ တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ ကျောင်းတက်နှုန်းမြင့်မားရေးနှင့် အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးရာ ပါမောက္ခချုပ်များ၊ ပါမောက္ခများက ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။