နေပြည်တော် ၂၀၂၅ ဖေဖော်ဝါရီ ၁၂
Naypyitaw State Academy ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ အစားအစာဈေးရောင်းပွဲတော်နှင့် ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်၌ ကျင်းပသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ ပညာရေးသုတေသန၊စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်၊ Naypyitaw State Academy ဒုတိယ ပါမောက္ခချုပ်(စီမံ)ဒေါက်တာနုနုလွင်နှင့် ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာစိုးစိုးအောင် တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် Naypyitaw State Academy ၏ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို ဒုတိယ ဝန်ကြီး ဒေါက်တာဇော်မြင့်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်တို့က ဆုများ ချီးမြှင့်ပေးအပ်ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် Naypyitaw State Academy ၏ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ဈေးရောင်းပွဲတော်ရှိ ဈေးဆိုင်များသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမ၊ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
