နေပြည်တော် ၂၀၂၄ ဒီဇင်ဘာ ၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရှမ်းပြည်နယ် လူမှုရေးရာ ဝန်ကြီး ဦးမင်းမင်းလွင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက အေးသာယာမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုကို ကြည့်ရှုပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဖြင့် ကုန်ထုတ်လုပ်မှုစွမ်းအား မြှင့်တင်နိုင်ရေး ကြိုးစားလေ့လာ သင်ယူကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် အေးသာယာမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသားကျောင်းသူများ ပျော်ရွှင်ချမ်းမြေ့စွာ ပညာသင်ယူမှုကို ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ဆောင် အစည်းအဝေးခန်း၌ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့်တွေ့ဆုံကာ သင်ကြားသင်ယူမှုနည်းစနစ်များမြှင့်တင်ရန်၊ ထုတ်လုပ်မှုတိုးမြှင့်ရေး အထောက်အကူပြု သုတေ သနများ ဦးစားပေးလုပ်ဆောင်ရန် ညှိနှိုင်းဆွေးနွေးပြီး လူမှုရေးရာဝန်ကြီးက အမှာစကား ပြောကြားသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ ပညာကြိုးစားသင်ယူကြရန် တိုက်တွန်းမှာကြားပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးပညာရေးဒီဂရီကောလိပ် ကမ္ဘောဇ ဆောင်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ သင်ကြားရေးဘာသာရပ်များသာမက အားကစားနှင့် ကာယပညာကို တတ်မြောက်အောင် လေ့ကျင့်သင်ယူရန်၊ ဥပဒေကို လေးစားလိုက်နာရန် မှာကြားပြီး စားရိပ်သာ၌ ကျောင်းသား ကျောင်းသူများ ညနေစာ စားသုံးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
