နေပြည်တော် ၂၀၂၄ ဩဂုတ် ၁၂
၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၀ နှင့် အုပ်ချုပ်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ် စေလွှတ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းက ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် စင်ကာပူနိုင်ငံသို့ ရောက်ရှိပြီး စင်ကာပူနိုင်ငံ သံရုံးယာယီတာဝန်ခံ ဦးဇော်ဇော်စိုး၊ သံမှူးကြီး ဒေါ်စံရာရွှေကိုးနှင့် သံရုံးဝန်ထမ်းများက ချန်ဂီလေဆိပ်၌ ကြိုဆိုကြသည်။
လေ့လာရေးအဖွဲ့သည် နံနက် ၁၀ နာရီခွဲတွင် ချန်ဂီလေဆိပ်မှ Jellicoe လမ်းရှိ တည်းခိုမည့် V Hotel Lavender သို့ ရောက်ရှိပြီး Food Court တွင် နေ့လယ်စာ သုံးဆောင်ကြသည်။
ညနေပိုင်းတွင် ထူးချွန်ကျောင်းသား ကျောင်းသူများသည် စင်ကာပူနိုင်ငံ မြန်မာသံရုံးသို့ ရောက်ရှိ၍ သံရုံးဝင်းအတွင်း Pho Leng Lion Dance ခြင်္သေ့အကဖြင့် ကြိုဆိုပြီး သံရုံးယာယီတာဝန်ခံ ဦးဇော်ဇော်စိုးက ခရီးစဉ်နှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာ သံရုံးကတည်ခင်းသည့်ညစာကို သုံးဆောင်ကြသည်။ ညပိုင်းတွင် လေ့လာရေးအဖွဲ့သည် Tangling MRT ဘူတာ မှ Ruffles Place MRT သို့ ရထားစီး၍ Merlion Park သို့ သွားရောက်ကာ လှည့်လည်ကြည့်ရှု လေ့လာကြသည်။
