Naypyitaw State Academy ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

နေပြည်တော် ၂၀၂၂ ဒီဇင်ဘာ ၃၀

Naypyitaw State Academy ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပသည်။ ဦးစွာအခမ်းအနားကို ကျောင်းသား ကျောင်းသူများက Naypyitaw State Academy သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ဖွင့်လှစ်ပြီး ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာနုနုလွင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာစိုးစိုးအောင်က သင်တန်းရေးရာ သိသင့်သိထိုက်သည်များ၊ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး အခမ်းအနားမှူးက ပါမောက္ခ/ တွဲဖက်ပါမောက္ခ (ဌာနမှူးများ)၊ သင်တန်း/စီမံမှ တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက အဆို၊ အက၊ အလှများဖြင့် ဖျော်ဖြေကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
အဆိုပါ မောင်မယ်သစ်လွင်ကြုဆိုပွဲ အခမ်းအနားသို့ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ တွဲဖက်ပါမောက္ခ (ဌာနမှူးများ)၊ ဆရာ ဆရာမများ၊ သင်တန်း/ စီမံမှ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။