နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၂၉
ပညာရေးကဏ္ဍ၌ ကျရာတာဝန်ကို သစ္စာရှိရှိထမ်းဆောင်နေကြသော ပညာရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုမိတ်ဆုံစားပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ စုဝေးခန်းမ၌ ကျင်းပသည်။
မိသားစုမိတ်စုံစားပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက လက်ရှိအချိန်တွင် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ ဖွင့်လှစ်ကာ နိုင်ငံ၏အနာဂတ် မျိုးဆက်သစ် ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ယူနေကြကြောင်း၊ ပညာရေး လုပ်ငန်းစဉ်များပုံမှန်လည်ပတ်ရာတွင် ကဏ္ဍအသီးသီးတွင် ကျရာတာဝန်ကို သစ္စာရှိရှိတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့မှုများကို တန်ဖိုးထားဂုဏ်ယူ မှတ်တမ်းတင်ကြောင်း၊ နိုင်ငံတော်၏ ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းလက်တွဲ၍ ဆက်လက်ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာကို လက်ရည်တစ်ပြင်တည်း သုံးဆောင်ကြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများကို ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
