(၄)နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ရေး
ဒေါက်တာမေစန်းရီ (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန)
ဒေါက်တာမေစန်းရီ (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန)
ဒေါက်တာအောင်အောင်မင်း (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန)
ဒေါက်တာသီတာဝင်း (ပါမောက္ခချုပ်၊ မန္တလေးတက္ကသိုလ်)၊ ဒေါက်တာမဉ္ဇူမင်း (ဒုတိယပါမောက္ခချုပ်၊ ရတနာပုံတက္ကသိုလ်)
ပညာရေး၀န်ကြီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး သီတင်းပတ်ကို ယခုနှစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် အခြေခံပညာ စာသင်ကျောင်း များတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ရာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးသာမက ကျောင်းထွက်သူပပျောက်ရေးကိုပါ အထူးအလေးပေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ကျောင်းနေအရွယ် ကလေးများနှင့် လူငယ်များအတွက် အခြေခံပညာသင်ယူခွင့်ရရှိရန် ကျောင်းအပ်နှံမှု အခွင့်အလမ်းများရရှိပြီး ကျောင်းတက်နှုန်းမြင့်မားလာ စေရန်နှင့် အခမဲ့ပညာသင်ကြားရေး အကောင်အထည် ဖော်ရေးအတွက် ပညာရေး၀န်ကြီးဌာနက ရည်ရွယ်ဆောင်ရွက်နေခြင်းသည် မြန်မာ့ပညာရေးအတွက် ဂုဏ်ယူဖွယ် ပြယုဂ်တစ်ခုပင် ဖြစ်သည်။ ယခု ပညာသင်နှစ်အတွက် ကျောင်းအပ်နှံစဉ်တွင် သူငယ်တန်း (KG)မှ စတုတ္ထတန်း (Grade-4)အထိ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကျောင်း၀တ်စုံတစ်စုံစီ အခမဲ့ဖြန့်ဝေ ပေးမည်ဖြစ်ပြီး ကျောင်း၀တ်စုံကို လက်ခံ ရယူလိုသော ကျောင်းသား ကျောင်းသူများကိုသာ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း သိရသည်။ (အပြည့်အစုံအား ဆက်လက်ဖတ်ရှုပါရန်)
Copyright © 2026,
Ministry of Education, The Republic of the Union of Myanmar. All Rights Reserved.
