August 2026

Naypyitaw State Academy ကို ဦးဆောင်တက္ကသိုလ်တစ်ခုဖြစ်လာစေရေး အလေးပေး ဆောင်ရွက်သွားရန် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မှာကြား

နေပြည်တော် ၂၀၂၆ ဩဂုတ် ၁၉
Naypyitaw State Academy ကို မြန်မာနိုင်ငံ၏ ဦးဆောင်တက္ကသိုလ်တစ်ခု ဖြစ်လာစေရေး အလေးပေးဆောင်ရွက်သွားရန်နှင့် အပြန်အလှန်ဆွေးနွေးခြင်းဖြင့် သင်ကြားသင်ယူနည်းစနစ်ကို အားပေးမြှင့်တင်ရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ယနေ့ နံနက်ပိုင်းတွင် Naypyitaw State Academy ၌ ဆရာ ဆရာမများနှင့်တွေ့ဆုံစဉ် တိုက်တွန်းမှာကြားသည်။

ကျောင်းစာကြည့်တိုက်များတွင် အတန်းအဆင့်အလိုက် ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်သည့် စာပေများထားရှိရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် မှာကြား

နေပြည်တော် ၂၀၂၆ ဩဂုတ် ၁၄
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းရှိ သီရိမင်္ဂလာခန်းမ၌တွေ့ဆုံသည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ် ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၆ ဩဂုတ် ၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ (Recreation Center) ၌ တက္ကသိုလ်အားကစားပွဲများ၊ အနုပညာ အသင်းအဖွဲ့များ၊ ဆိုင်ခန်းများ၊ အပန်းဖြေနားနေရန်ထိုင်ခုံများဖြင့် စည်ကားနေစေရေး မွမ်းမံရန် လိုအပ်သည်များကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

မြန်မာနိုင်ငံ အခြေခံပညာရေးသမိုင်းကို ပြုစုဆောင်ရွက်သွားမည်

နေပြည်တော် ၂၀၂၆ ဩဂုတ် ၃
မြန်မာ့အခြေခံပညာရေး သမိုင်းပြုစုရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ကျင်းပသည်။