February 2026

Workshop on the implementation of the Monitoring and Evaluation Framework for the National Education Strategic Plan (2021-2030) held

A workshop on the implementation of the monitoring and evaluation framework for the National Education Strategic Plan (2021–2030) was held at Meeting Hall of Office No.13, Ministry of Education, Nay Pyi Taw this morning. The meeting was attended by the Union Minister for Education Dr. Chaw Chaw Sein, the Deputy Ministers Dr. Zaw Myint and U Nay Myo Hlaing, directors-general, the rector of Naypyitaw State Academy, and responsible officials.

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂ဝ၃ဝ) လေ့လာဆန်းစစ်အကဲဖြတ်ခြင်း အညွှန်းဘောင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၀၂၆ ဖေဖော်ဝါရီ ၂၆
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂ဝ၃ဝ) လေ့လာဆန်းစစ်အကဲဖြတ်ခြင်း အညွှန်းဘောင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Deputy Minister U Nay Myo Hlaing inspects Basic Education Schools in Kalaw Township, Shan State (South)

The Deputy Minister for Education U Nay Myo Hlaing, accompanied by directors-general and responsible officials from the Shan State Education Office, inspected the construction works at basic education schools and the year-end examinations for the primary school level Grade-5 and lower secondary school level Grade-9 in Kalaw Township this morning.

ဒုတိယဝန်ကြီး ဦး‌နေမျိုးလှိုင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၆ ဖေဖော်ဝါရီ ၂၅
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်သည် ညွှန်ကြားရေးမှူးချုပ်များ ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကလောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade-9 တတ်မြောက်မှုစစ်ဆေးခြင်း နှစ်ဆုံးစာမေးပွဲစစ်ဆေးနေမှုများကို ကြည့်ရှုစစ်ဆေးအားပေးသည်။

Basic Education Primary School Level Grade 5 and Middle School Level Grade 9 Students Sit Peacefully for Second Day of Final Examination in Taunggyi

The Deputy Minister for Education U Nay Myo Hlaing, accompanied by Shan State Minister for Social Affairs U Min Min Lwin and responsible officials, visited schools in Taunggyi this morning, and inspected the Basic Education Primary School Level (Grade 5) and Basic Education Middle School Level (Grade 9) students taking the year-end examination for 2025-2026 academic year.

တောင်ကြီးမြို့၌ အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အလယ်တန်းဆင့် Grade-9 နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆို

နေပြည်တော် ၂၀၂၆ ဖေဖော်ဝါရီ ၂၄
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်သည် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အခြေခံပညာ အလယ်တန်းဆင့် Grade-9 တတ်မြောက်မှုစစ်ဆေးခြင်း နှစ်ဆုံးစာမေးပွဲ ကျင်းပနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

Basic Education Primary Level Grade 5 and Lower-Secondary Level Grade 9 end-of-year examinations for 2025 - 2026 academic year held peacefully in Kayah State

The Deputy Minister for Education U Nay Myo Hlaing, accompanied by the Kayah State Minister for Natural Resources, directors-general and responsible officials, visited No. 3 Basic Education High School and No. 2 Basic Education High School in Loikaw Township, Kayah State this morning and observed that students sat year-end examinations for Grade 5 (primary school level) and Grade 9 (lower secondary school level) for the 2025-2026 academic year peacefully.

ကယားပြည်နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade-9 နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာဖြေဆို

နေပြည်တော် ၂၀၂၆ ဖေဖော်ဝါရီ ၂၃
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်သည် ကယားပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်သည်။

Pages