January 2026

ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုးပြိုင်ပွဲကျင်းပ

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၂၉
ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ သည်။

ဒုတိယဝန်ကြီး ‌ဒေါက်တာဇော်မြင့် (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံ၊ သိပ္ပံပွဲ‌တော်ကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် တက္ကသိုလ်သန့်ရှင်းသာယာရေးကြည့်ရှုစစ်ဆေး

ရန်ကုန် ၂၀၂၆ ဇန်နဝါရီ ၂၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ထွန်းနိုင်၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ရန်ကုန် တက္ကသိုလ်သုတေသနနှင့် တီထွင်ဆန်းသစ်မှုစင်တာ (Center for Research and Innovation) တွင် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲ‌တော်(၂၀၂၆) ကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သိပ္ပံပွဲ‌တော်တွင် ပြခန်းများ ခင်းကျင်းပြသရန် စီစဉ်‌ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးသည်။

ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် တောင်ကြီးမြို့ရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီ ကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ကလောမြို့ရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၂၆
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးအောင်အောင်၊ ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ပြည်နယ်ဝန်ကြီးများ၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ယခင်ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)တွင် ဖွင့်လှစ်ထားသည့် ပညာရေးဒီဂရီကောလိပ်ကို တက္ကသိုလ်အဆင့် မြှင့်တင်ဖွင့်လှစ်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။

မူလတန်းပြ ဆရာ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် ဆရာဖြစ်သင်တန်း (ပထမအဆင့်) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၂၄
မူလတန်းပြ ဆရာဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် ဆရာဖြစ်သင်တန်း (ပထမအဆင့်) သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Naypyitaw State Academy Conference Room ၌ သင်ကြားရေးတွင် AI ကိုအသုံးချနည်းများ ခေါင်းစဉ်ဖြင့် ဆရာ ဆရာမအရည်အသွေးမြှင့်ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၂၃
ဆရာ ဆရာမများ၏ သင်ကြားမှုနှင့် သု‌တေသနအရည်အသွေးမြှင့်တင်နိုင်ရန် ရည်ရွယ်ပြုလုပ်သည့် ‘သင်ကြားရေးတွင် AI ကို အသုံးချနည်းများ’ (Presentation on AI in Education) ခေါင်းစဉ်ဖြင့် ဆရာဆရာမအရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy Conference Room ခန်းမသစ်၌ ကျင်းပသည်။

ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၂၃
ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းများ၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ခိုလမ်မြို့ရှိ ကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၂၂
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက ယခင်ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ)သို့ရောက်ရှိပြီး ကျိုင်းတုံပညာရေးဒီဂရီကောလိပ်ကို နေရာပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း (ရန်ကုန်) ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းအမှတ်စဉ်(၈/၂၀၂၆) ဆရာ ဆရာမများ၊သင်တန်းသားသင်တန်းသူများနှင့်တွေ့ဆုံ

နေပြည်တော် ၂၀၂၅ ဇန်နဝါရီ ၂၁
ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း(ရန်ကုန်)၊ ပညာရေးစီမံအုပ်ချုပ်မှုသင်တန်း အမှတ်စဉ် (၈/၂၀၂၆) ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

Pages