September 2025

ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင် မန္တလေးတက္ကသိုလ် ရာပြည့်သဘင် ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၁၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ်သို့ သွားရောက်၍ မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ၊ တက္ကသိုလ်ကျောင်းဝင်းအတွင်း နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် နောင်ချိုမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၁၂
နောင်ချိုမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ(နောင်ချို)၌ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား၊ သင်ယူနေမှုများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုအားပေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၁၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် အွန်လိုင်းဖြင့် တွေ့ဆုံဆွေးနွေးသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ပညာရေးဝန်ထမ်းမိသားစု၀င် သားသမီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၁၁
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ပညာရေးဝန်ထမ်း မိသားစု၀င်သားသမီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၈
၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ပညာရှင်အဖွဲ့များမှ ပညာရှင်ဆရာကြီး ဆရာမကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဦးနေမျိုးလှိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်အစည်းအဝေးခန်းမ၌ ပညာရေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ်နှင့် ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများနှင့်တွေ့ဆုံသည်။

Pages