March 2025

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အ‌ခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှု ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၅ မတ် ၃

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ရှမ်းပြည်နယ် ပညာရေးမှူး ဦးမြင့်လွင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကလောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ဟဲဟိုး)၊ တောင်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (တောင်လေးလုံး)၊ အခြေခံပညာ အထက်တန်းကျောင်း (ရွှေညောင်)နှင့် အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း‌ကျောင်း (အေးသာယာ)၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ထုံးဘို)၊ အမှတ်(၇) နှင့် အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အ‌ခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade-5)နှင့် အခြေခံပညာ အလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား ကျောင်းသူများ မြန်မာဘာသာဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ ပဥ္စမတန်း(Grade-5)နှင့် နဝမတန်း(Grade-9) နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ဖြေဆိုမှု ကြည့်ရှုအားပေး၍ ကျောင်းများအတွင်း ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၅ မတ် ၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အမှတ်(၂)၊ အမှတ် (၈)၊ အမှတ်(၁၁)နှင့် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အ‌ခြေခံပညာမူလတန်းဆင့် ပဥ္စမတန်း(Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့တွင် ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာဘာသာ ဖြေဆိုနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

Pages