ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်တို့အား ကြည့်ရှုစစ်ဆေး
ရန်ကုန် ၂၀၂၅ ဖေဖော်ဝါရီ ၁၅
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ ရောက်ရှိပြီး စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုကို လှည့်လည်ကြည့်ရှု အားပေးကာ မိမိတို့ ရှေ့ဘဝသာယာလှပရေးအတွက် ရည်မှန်းချက်ချမှတ်ကြိုးစားကြရန် တိုက်တွန်း မှာကြားသည်။
