November 2024

Naypyitaw State Academy တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၉
Naypyitaw State Academy ကို“ပညာရှင်များမွေးထုတ်ရာ ဦးဆောင်တက္ကသိုလ်” ဖြစ်လာရန် မျှော်မှန်းချက်ဖြင့် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်က တည်ထောင်ဖွင့်လှစ်ခဲ့ရာ ယနေ့ဆိုလျှင် နှစ်နှစ်ပြည့်မြောက်ပြီဖြစ်ပြီး စဉ်းစားတွေးခေါ် ဖန်တီးမှုကို အားပေးသော၊ အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူ လေ့ကျင့်မှုများမှတစ်ဆင့် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အားပေးသည့် အဆင့်မြင့်ပညာရပ်များကိုသင်ယူရာ ထိပ်တန်းတက္ကသိုလ်ဖြစ်လာစေရန် ဦးတည်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောင်းကုန်းမြို့နယ် မီးသွေးတိုက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကညင်သုံးဆင့် အခြေခံပညာ အထက်တန်းကျောင်း၊ ညောင်တုန်းမြို့နယ် ပေစိကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ နတ်ပေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ညောင်တုန်းမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နှင့် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ရှိ ကံချိုင်အခြေခံပညာအထက်တန်းကျောင်း၊ ဇီးချိုင်ရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်ချောင်းအခြေခံပညာအထက်တန်းကျောင်း၊ ကညင်ချောင်း(တောင်)ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် သဲကျင်းကျေးရွာအခြေခံပညာ မူလတန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် Naypyitaw State Academy ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့ရောက်ရှိပြီး မြေယာရှုခင်းအလှ ဆောင်ရွက်နေမှုနှင့် ဆေးပညာ Foundation Course ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ ဓာတ်ခွဲခန်းကို ကြည့်ရှုသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ (တာဝန်ရှိသူများ)နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့နယ် ရွှေမြကွင်း အခြေခံပညာအလယ်တန်းကျောင်းနှင့်ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

Pages