ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တောင်ငူပညာရေးဒီဂရီကောလိပ်နှင့် တောင်ငူတက္ကသိုလ် ကြည့်ရှုစစ်ဆေး
နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် တောင်ငူပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး စီမံအုပ်ချုပ်ဆောင်၊ မြတ်ပညာခန်းမ၊ နှစ်ထပ်စာသင်ဆောင်များ၊ နားနေကွင်း၊ ရေစက်နှင့်ရေစင်များ၊ ကျောင်းသား ကျောင်းသူအိပ်ဆောင်များ၊ စားရိပ်သာဆောင်၊ အားကစားကွင်း၊ အားကစားရုံနှင့် ကျောင်းသန့်ရှင်း သာယာမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
