April 2024

အခြေခံပညာ Grade-12 နှင့် အဆင့်မြင့်ပညာ (တက္ကသိုလ်) သင်ရိုးများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ၂၀၂၄ ဧပြီ ၃၀
အခြေခံပညာ Grade-12 နှင့် အဆင့်မြင့်ပညာ(တက္ကသိုလ်)သင်ရိုးများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဆက်စပ်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲ တမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ပုဂံ၊ ညောင်ဦး ကျောင်းများ၊ မိတ္ထီလာတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၄ ဧပြီ ၂၈
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းက ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူသူတို့နှင့်အတူ ညောင်ဦးအထက်တန်းကျောင်းနှင့် မြို့မအထက်တန်းကျောင်းတို့ကို ရောက်ရှိစစ်ဆေးသည်

ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိလာသည့် နဝမတန်း လူရည်ချွန်မောင်မယ်များကို ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ကြိုဆိုနှုတ်ဆက်

နေပြည်တော် ၂၀၂၄ ဧပြီ ၂၇
နဝမတန်းလူရည်ချွန်မောင်မယ်များသည် ယနေ့နံနက်ပိုင်းတွင် ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိလာကြရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဦးစီး၍ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ တိုင်းရင်းသားဘာသာစကားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူသူနှင့် တာဝန်ရှိသူများက ပန်းကုံးများ၊ သပြေခက်များဖြင့် လည်းကောင်း၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက လမ်းဘေးဝဲယာတစ်လျှောက်မှလည်းကောင်း သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ နေပြည်တော်စုရပ် ဗဟိုစခန်း(ရွာတော်)သို့ ရောက်ရှိလာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူရည်ချွန်များကို ရင်းရင်းနှီးနှီးလှိုက်လှိုက်လှဲလှဲကြိုဆို

နေပြည်တော် ၂၀၂၄ ဧပြီ ၂၄
ပုဂံ၊ အင်းလေး၊ ငွေဆောင်နှင့် ချောင်းသာလူရည်ချွန်အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၅၄ ဦးနှင့် ကြီးကြပ်ဆရာ ဆရာမ ၆၄ ဦးတို့အား နေပြည်တော်စုရပ် ဗဟိုစခန်း (ရွာတော်)တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်၍ ရင်းရင်းနှီးနှီးလှိုက်လှိုက်လှဲလှဲကြိုဆို

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းများ ဇွန်လတွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားကြပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိစေရေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပေးကြရမည်

နေပြည်တော် ၂၀၂၄ ဧပြီ ၂၃

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ကျင်းပရေး ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၄ ဧပြီ ၁၁
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄)ကျင်းပရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၂၀၂၄ ဧပြီ ၅
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေး ပထမအကြိမ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။