တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခပေးသွင်းခြင်းတို့ကို အွန်လိုင်းမှ ချိတ်ဆက်ဆောင်ရွက်ရေးဦးစီးကော်မတီ အစည်းအဝေးကျင်းပ
နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၃၀
တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်း (Registration) နှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခပေးသွင်းခြင်း (Online/ Mobile Payment) တို့ အွန်လိုင်းမှ ချိတ်ဆက် ဆောင်ရွက်ရေးဦးစီးကော်မတီ အစည်းအဝေးကို နေပြည်တော်ရုံးအမှတ်(၁၃)ပညာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
