December 2023
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ
နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၉
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် ကြက်တောင်၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ တတိယနေရာနှင့် ဗိုလ်လုပွဲပွဲစဉ်များကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ Indoor Stadium (C)နှင့် (B) အားကစားရုံများ၊ သက်ဆိုင်ရာ အားကစားနည်းအလိုက် သတ်မှတ်ထားသည့် ကွင်းရုံ များတွင် ဆက်လက်ယှဉ်ပြိုင်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပြင်ဦးလွင်မြို့ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့် အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ အခြေခံပညာ အထက်တန်းကျောင်း (မိုးကြိုးစံပြ)၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၇
(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ
နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအား ကစားပွဲတော်ကို ဒီဇင်ဘာ ၅ ရက်မှ ၁၅ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အားကစားရုံများနှင့် လယ်ဝေးအားကစား လေ့ကျင့်ရေးစခန်းတို့တွင် ကျင်းပလျှက်ရှိရာ ယနေ့ နံနက်ပိုင်းမှစတင်ပြီး အားကစားနည်းများအလိုက် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ စတင်ကျင်းပ
နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၅
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော်ကို ဒီဇင်ဘာ ၅ ရက်မှ ၁၆ ရက်နေ့အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများနှင့် လယ်ဝေး အားကစားလေ့ကျင့်ရေးစခန်းတို့တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး အားကစားနည်းများအလိုက် ယှဉ်ပြိုင်ကစားကြသည်။

