အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နောက်ဆုံးနှစ်သင်တန်းများ၊ မဟာဘွဲ့(ရေးဖြေ) သင်တန်းများနှင့်ပါရဂူဘွဲ့ကြိုသင်တန်းများ ပြန်လည်ဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
နေပြည်တော် ၂၀၂၁ ဧပြီ ၂၅
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နောက်ဆုံးနှစ်သင်တန်းများ၊ မဟာဘွဲ့(ရေးဖြေ) သင်တန်းများနှင့် ပါရဂူဘွဲ့ကြိုသင်တန်းများကို COVID-19 ရောဂါကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီပြန်လည်ဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
