June 2016

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ Facebook တွင်ကြည့်ရှုနိုင်မည်

၂၀၁၆ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို အများပြည်သူ အလွယ်တကူ ကြည့်ရှုနိုင်စေရန် အတွက် ပညာရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာ၌ ပြည်နယ်/တိုင်းဒေသကြီးအလိုက် မြို့နယ်များအလိုက် အောင်စာရင်းများကို ၁၁-၆-၂၀၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ပါသည်။ ပညာရေးဝန်ကြီးဌာန၏ Facebook Page လိပ်စာမှာ www.facebook.com/moe.gov.mm ဖြစ်ပါသည်။

၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်မည့်ရက် ကြေညာခြင်း

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာ စာစစ်ဌာများနှင့် မြို့နယ်ပညာရေးမှူးရုံးများ၌ ၁၁-၆-၂၀၁၆ ရက်နေ့ နံနက် (၆:၀၀)နာရီ အချိန်တွင် တစ်ပြိုင်တည်း ကပ်ထားကြေညာပေးသွားပါမည်။