ဒုတိယဝန်ကြီး ‌ဒေါက်တာဇော်မြင့် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၂၁

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မန္တလေးတက္ကသိုလ် ဥပဓိရုပ်ကောင်းမွန်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဖွင့်ပွဲအခမ်းအနား ကျင်းပမည့်နေရာများ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုနှင့် ပြခန်းများ ခင်းကျင်းပြသရန်  စီစဉ်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

 

ထို့နောက် အစည်းအဝေးခန်းမ၌ အခမ်းအနားကျင်းပရေးကော်မတီများနှင့် တွေ့ဆုံပြီး မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အထိမ်းအမှတ် သီချင်းတင်ဆက်မှု၊ အကအလှများဖြင့်ဖျော်ဖြေမှု၊ မန္တလေးတက္ကသိုလ် သမိုင်းမော်ကွန်း ဗီဒီယိုတည်းဖြတ်မှုဆိုင်ရာများကို အကြံပြုဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။