Naypyitaw State Academy သို့ စာအုပ်များ လှူဒါန်း

 

နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၁၉

 

အိန္ဒိယနိုင်ငံအစိုးရက Naypyitaw State Academy သို့ စာအုပ်များ လှူဒါန်းပွဲကို ယနေ့ ညနေ ၃ နာရီတွင် Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

လှူဒါန်းပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Abhay Thakur၊ ခေတ္တပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

လှူဒါန်းပွဲတွင် အိန္ဒိယနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတများ တိုးတက်စေရန်၊ မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာမှုရှိလာစေရန် ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အိန္ဒိယနိုင်ငံသံအမတ်ကြီးက ဒုတိယဝန်ကြီးနှင့် ခေတ္တပါမောက္ခချုပ်တို့ထံ စာအုပ်များနှင့် အမှတ်တရလက်ဆောင်တို့ကို ‌ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီးနှင့် ခေတ္တပါမောက္ခချုပ်တို့က ကျေးဇူးတင်ဂုဏ်ပြုလွှာနှင့် အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်သည်။

 

ယင်းနောက် Naypyitaw State Academy ခေတ္တပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြောကြားသည်။

 

လှူဒါန်းပွဲအပြီးတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လာရောက်လှူဒါန်းသော စာအုပ်များကို ကြည့်ရှုကြပြီး အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။