ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား လက်ခံတွေ့ဆုံ

 

နေပြည်တော် မတ် ၁၈

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ရင်းရင်းနှီးနှီးလက်ခံ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံ ပညာရေးဝန်ကြီးဌာနတို့အကြားဒစ်ဂျစ်တယ် အသွင်ပြောင်းရေးဆိုင်ရာ အစီအစဉ်များတွင် ပညာရေးဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း ဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ဆောင်ရွက်ရေး၊ အခြေခံပညာရေးကဏ္ဍ၊ အဆင့်မြင့် ပညာရေးကဏ္ဍနှင့် ဆရာအတတ်ပညာကဏ္ဍတို့တွင် ပိုမိုပူးပေါင်းမြှင့်တင်ဆောင်ရွက်ရေး ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့  ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။