နေပြည်တော်ကောင်စီနယ်မြေ Naypyitaw State Academy ပညာ့ရိပ်သာအိမ်ရာ ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

 

နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၂၄

 

နေပြည်တော်ကောင်စီနယ်မြေ Naypyitaw State Academy  ပညာ့ရိပ်သာအိမ်ရာ တည်ဆောက်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပညာ့ရိပ်သာအိမ်ရာဝန်း တည်ဆောက်မည့်နေရာ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy  မှ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ  မင်္ဂလာအချိန်တွင် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ ဒုတိယ ဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက Naypyitaw State Academy  ပညာ့ရိပ်သာအိမ်ရာ တည်ဆောက်မည့် နေရာအသီးသီး၌ ရတနာပန္နက်ကို စိုက်ထူပေးပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။

 

အခမ်းအနားအပြီးတွင်  ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ဧည့်သည်တော်များသည် Naypyitaw State Academy  ပညာ့ရိပ်သာအိမ်ရာ တည်ဆောက်မည့် ပုံစံဒီဇိုင်းများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။