ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ် ဆရာ ဆရာမများ သုတေသနဆိုင်ရာ အရည်အသွေးမြှင့် သင်တန်းဖွင့်လှစ်

 

နေပြည်တော် ၂၀၂၄ ဇူလိုင် ၁၀

 

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ် ဆရာ ဆရာမများ၊ သုတေသနဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာ မိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ဆရာအတတ်ပညာဦးစီးဌာနနှင့် ပညာရေးဒီဂရီကောလိပ်များမှ ဆရာ ဆရာမများနှင့် သင်တန်း သား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆရာအတတ်ပညာဦးစီးဌာန အနေဖြင့် ပညာရေးဒီဂရီကောလိပ်များမှ ဆရာ ဆရာမများအတွက် အရည်အသွေးမြှင့်မွမ်းမံ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချလျက်ရှိရာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် သုတေသန ဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းကို ပထမအကြိမ် ဖွင့်လှစ်ပို့ချခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် ဖွင့်လှစ်ပို့ချခြင်းဖြစ်ပါကြောင်း၊ ဆရာ ဆရာမ အရည်အသွေးမြှင့်တင်ရာတွင် သုတေသနဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးသည် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း၊ သုတေသနသည် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ အသက်သွေးကြောဖြစ်သည့်အတွက် ဆရာ ဆရာမများ အနေဖြင့် မဖြစ်မနေ သုတေသနများဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးများသည် သင်တန်းတက်ရောက်လာသည့် သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်သည်။

ဖွင့်ပွဲအပြီးတွင် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုးဝင်းက သုတေသန နည်းစနစ် (Research Methodology) ခေါင်းစဉ်ဖြင့် ပို့ချသင်ကြားခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းကို ဇူလိုင် ၁၀ ရက်မှ ၁၄ ရက်အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။