ပညာရေးဝန်ကြီးဌာန မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော် ၂၀၂၄ ဇူလိုင် ၃

 

 ၂၀၂၄ ခုနှစ် ပညာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊  ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးနှင့် အဖွဲ့များ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်စိုက်ပျိုးကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်နေရာတွင် ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ပျိုးပင်များကို ဆက်လက်စိုက်ပျိုးပေးကြကာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။

ယနေ့  သစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်တစ်ပင်၊ ခရေပင် ၅၀၊ စိန်ပန်းနီပင် ၅၀၊ ဆီသပြေပင် ၅၀၊ ရေတမာပင် ၄၉ပင်၊ တပေဘူတပင် ၄၅ပင်၊ ငုဝါပင်ငါးပင်  စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။