နေပြည်တော် ၂၀၂၄ ဇွန် ၂၆
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ဒုတိယနေ့ စာတမ်းဖတ်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ဒေါက်တာညွန့်ဖေ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များ၏ သုတေသနပြကွက်များနှင့် ဆက်စပ်ဝန်ကြီးဌာနများ၏ ပြကွက်များကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထို့နောက် စာတမ်းဖတ်ပွဲများသို့ သွားရောက်ကြည့်ရှုအားပေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က စာတမ်းနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေး ပြောကြားကြသည်။
အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ဒေါက်တာ မျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် ဒေါက်တာအောင်ဇေယျတို့သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ ၂၀၂၄ ၏ ဒုတိယနေ့ စာတမ်းဖတ်ပွဲများသို့ လှည့်လည်ကြည့်ရှုအားပေးကြပြီး စာတမ်း များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေး ပြောကြားခဲ့ကြသည်။
ဒုတိယနေ့ဆွေးနွေးပွဲကို အခန်း ခြောက်ခန်းတွင် အုပ်စု ခြောက်စုခွဲ၍ ခေါင်းစဉ်ကြီး ခြောက်ခုဖြင့် ကျင်းပကြရာ တစ်အုပ်စုလျှင် စာတမ်းရှင်များက စာတမ်း ခြောက်စောင်ဖတ်ကြား ကြပြီး တက်ရောက်လာကြသူများက ဆွေးနွေးကြသည်။
Parallel Session-1 အခြေခံပညာကဏ္ဍတွင် “တိုင်းချစ်ပြည်ချစ်ရှိသော လူငယ်များ ပေါ်ထွက်လာစေရေး” ခေါင်းစဉ်ဖြင့်ကျင်းပရာ သဘာပတိအဖြစ် ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း၊ အခြေခံပညာဦးစီးဌာန၊ တွဲဖက်သဘာပတိအဖြစ် ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ အနုပညာဦးစီးဌာန၊ ဗိုလ်မှူးချုပ်စိုးသန်း၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနတို့က ဆောင်ရွက်ကြပြီး ကာကွယ်ရေး ဝန်ကြီးဌာန၊ တပ်မတော်နည်းပညာတက္ကသိုလ် ကထိက ဒုတိယဗိုလ်မှူးကြီးရှုအောင်ဝင်းက “နိုင်ငံ့အနာဂတ်လှပဖို့ လူငယ်များ၏ တိုင်းပြည်ချစ်စိတ်ကို စနစ်တကျပြုစု ပျိုးထောင်ကြပါစို့” စာတမ်း၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာလဲ့လဲ့အောင်က “နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် အခြေခံပညာ၏ အခန်းကဏ္ဍ” စာတမ်း၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လတ်ထွန်းက “တိုင်းချစ် ပြည်ချစ်စိတ်ရှိသော လူငယ်လူရွယ်များ ပေါ်ထွက်လာရေးအတွက် အခြေခံပညာသင်ရိုးတွင် အထောက်အကူပြုသင်ခန်းစာများ ထည့်သွင်းထားမှုကို ဆန်းစစ်လေ့လာခြင်း” စာတမ်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာချိုချိုဝင်းက “ကျောင်းသား လူငယ်များအား နိုင်ငံတော်ကို ချစ်မြတ်နိုး၍ တန်ဖိုးထားမှုများ ပိုမိုမြင့်မားလာစေရန် ကျောင်းနေအရွယ်မှစ၍ လေ့ကျင့်ပျိုးထောင်ပေးခြင်း” စာတမ်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဥမ္မာသန်းက “စာဖတ်ခြင်းမှသည် ကျောင်းသားလူငယ်များ အသိဉာဏ်အတွေးအခေါ် မြင့်မား၍ မျိုးချစ်စိတ်ဓာတ် ရှင်သန်လာစေရန် ကျောင်းစာကြည့်တိုက်ကဏ္ဍ အားကောင်းလာစေရေး” စာတမ်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအဲမွန်ထွန်းက “ကျန်းမာရေးအဆင့်မြှင့်ကျောင်းများ တည်ထောင်ခြင်းဖြင့် နိုင်ငံချစ်စိတ်မျိုးချစ်စိတ်ဓာတ်ရှိသော လူငယ်များပေါ်ထွက်လာစေရန် အထောက်အကူဖြစ်စေခြင်း” စာတမ်းတို့ကိုဖတ်ကြားကြပြီး တက်ရောက်လာသူများက ဆွေးနွေးကြသည်။
အလားတူ Parallel Session-2 အဆင့်မြင့်ပညာကဏ္ဍတွင် “အရည်အသွေးပြည့်ဝသော ပညာတတ်များမွေးထုတ်ရေး” ခေါင်းစဉ်ဖြင့်ကျင်းပရာ သဘာပတိအဖြစ် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊ တွဲဖက်သဘာပတိအဖြစ် Naypyitaw State Academy၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုလွင်၊ ပြည်ထောင်စုတို င်းရင်းသားလူငယ်များ စွမ်းဆောင်ရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)၊ ပါမောက္ခ (ဌာနမှူး) ဒေါက်တာနိုင်နိုင်အောင်တို့က ဆောင်ရွက်ကြပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ ကထိက(ဌာနမှူး) ဒေါက်တာဋ္ဌေးကြွယ်က “လက်တွေ့အသုံးချနယ်ပယ်တွင် အရေးပါမည့်ပညာရှင်များမွေးထုတ်ရေး” စာတမ်း၊ နယ်စပ် ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းဆောင်ရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်) သမိုင်းဌာန ပါမောက္ခ ဒေါက်တာမြတ်ရည်ဟန်က “ပြည်ထောင်စု စိတ်ဓာတ်နှင့် အရည်အသွေးပြည့်ဝသော ပညာတတ်တိုင်းရင်းသားလူငယ်များ မွေးထုတ်ပေးရေး” စာတမ်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်း ကျင်ဆိုင်ရာတက္ကသိုလ်(ရေဆင်း) ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်က “သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးအတွက် အရည်အသွေးပြည့်ဝသောပညာရှင်များ မွေးထုတ်ရေး” စာတမ်း၊ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာချိုချိုက “သင်ကြားသင်ယူမှု အရည်အသွေး မြှင့်တင်ရေး” စာတမ်း၊ ရန်ကုန်နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာလှမျိုးထွန်း က “အဆင့်မြင့်ပညာကဏ္ဍ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး” စာတမ်း၊ ဆေးတက္ကသိုလ်(တောင်ကြီး) ပါမောက္ခ(ဌာနမှူး) ဒေါက်တာအောင်ကျော်သူက “နိုင်ငံတကာအဆင့်မီသင်ရိုး ညွှန်းတမ်းဖြင့် အရည်အသွေးပြည့်ဝသော ပညာရှင်များမွေးထုတ် ရေး” စာတမ်းတို့ကိုဖတ်ကြားကြပြီး တက်ရောက်လာသူများက ဆွေးနွေးကြသည်။
Parallel Session-3 သက်မွေးပညာကဏ္ဍတွင် “ထုတ်လုပ်မှုကို အားပေးသော သက်မွေးပညာတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ သဘာပတိအဖြစ် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာ အတတ်သင်ကောလိပ် (ဘယ်လင်း)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်၊ တွဲဖက်သဘာပတိအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆောဘောမ်နှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၊ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီတို့က ဆောင်ရွက်ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါ်အေးစန္ဒာအောင်က “မြန်မာ့ ယဉ်ကျေးမှုအနုပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် အနုပညာသင်ကျောင်းများ၏ အခန်းကဏ္ဍ” စာတမ်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၊ ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာလှမိုးခိုင်က “စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန် ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ သက်မွေးပညာသင်ယူခြင်းဖြင့် ကျွမ်းကျင်ပညာရှင်များမွေးထုတ်စို့” စာတမ်း၊ သမဝါယမကောလိပ် (မန္တလေး)၊ ကထိက ဒေါ်မိုးမိုးကြည်က “မိရိုးဖလာ သက်မွေး လုပ်ငန်းများရေရှည်ဖွံ့ဖြိုးတိုးတက်ရေး” စာတမ်း၊ စက်မှုဝန်ကြီးဌာန၊ အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)၊ ကျောင်းအုပ် ဒေါ်လှိုင်လှိုင်သာ က “ထုတ်လုပ်မှုကိုအားပေးသော သက်မွေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ ဖော်ထုတ် ရေး” စာတမ်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်း ကျောင်း၊ ကျောင်းအုပ်ကြီး ဒေါက်တာနေဇာအောင်က “Industry 4.0 ဖြင့် ထုတ်လုပ်မှုတိုးမြှင့်ရေး နည်းပညာများအတွက် နည်းပညာနှင့် သက်မွေးပညာကဏ္ဍ၏ အရေးပါမှု” စာတမ်း၊ ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါက်တာရန်နိုင်ထွန်းက “သက်မွေးပညာကျောင်းများ၏ အရည်အသွေးစီမံခန့်ခွဲမှု” စာတမ်းတို့ကို ဖတ်ကြားကြပြီး တက်ရောက်လာကြသူများက ဆွေးနွေးကြသည်။
Parallel Session-4 ဆရာအတတ်ပညာကဏ္ဍတွင် “ဆရာ ဆရာမများ၏ အရည်အသွေး စဉ်ဆက်မပြတ် မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့်ကျင်းပကြရာ သဘာပတိအဖြစ် ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ တွဲဖက်သဘာပတိအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ရူပ ဗေဒဌာန ပါမောက္ခ ဒေါက်တာဆောင်ဆွမ့်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြတိုက်များ) ဦးဝင်းကြိုင်တို့က ဆောင်ရွက်ကြပြီး မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်(သင်ကြား) ဒေါက်တာစန္ဒာနိုင်က “ဆရာ ဆရာမအရည်အသွေး နိုင်ငံတကာအဆင့်မီ စေရေး” စာတမ်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပညာရေးသဘောတရားဌာန ပါမောက္ခ(ဌာနမှူး) ဦးဇမ်ရှင်းခိုင်က “နယ်စပ်ဒေသများရှိ ဆရာ ဆရာမများ၏ အရည်အသွေးစဉ်ဆက်မပြတ်မြှင့်တင်ရေး” စာတမ်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက်(ရန်ကုန်) ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းက “ပြတိုက် ပညာပေးရေးအခန်းကဏ္ဍနှင့် ဆရာများ၏ အရည်အသွေးမြှင့်တင်ရေး” စာတမ်း၊ ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးဖြူဇင်က “လုပ်ငန်းခွင်အတွင်းရှိ ဆရာ ဆရာမများ၏ အရည်အသွေးစဉ်ဆက်မပြတ် တိုးတက်စေရေး” စာတမ်း၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နှင်းကြူဦး က “ပညာရေးဒီဂရီကောလိပ်များတွင် အရည်အသွေးပြည့်ဝသော ဆရာ ဆရာမများ မွေးထုတ် ရေး” စာတမ်း၊ လားရှိုးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာလွင်လွင်စန်းက “ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင် (TCSF) ဖြင့် အကောင်အထည် ဖော်မှုကို လေ့လာခြင်း” စာတမ်းတို့ကို ဖတ်ကြားကြပြီး တက်ရောက်လာကြသူများက ဆွေးနွေး ကြသည်။
Parallel Session 5 သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍတွင် “သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့်ကျင်းပရာ သဘာပတိအဖြစ် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း၊ တွဲဖက်သဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်း၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာလတ်လတ်ထွန်းတို့က ဆောင်ရွက်ကြပြီး ကာကွယ်ရေးဝန်ကြီး ဌာန စစ်တက္ကသိုလ် ကထိက ဒုတိယဗိုလ်မှူးကြီး သန်းနိုင်စိုးက “Academy of Science များထူထောင်ပြီး သက်ဆိုင်ရာ သိပ္ပံဘာသာရပ်များအလိုက် သုတေသနများ လုပ်ဆောင် စေခြင်းဖြင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုများ ဖွံ့ဖြိုးတိုးတက်စေခြင်း” စာတမ်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန သုတေသနအရာရှိ ဒေါက်တာအောင်ကျော်သူက “ဆန်းသစ် တီထွင်မှုရှိသော စိုက်ပျိုးမွေးမြူရေး သုတေသနရလဒ်များအပေါ်အခြေခံပြီး ဘက်စုံပေါင်းစပ် ဆောင်ရွက်ခြင်း” စာတမ်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ စာရင်းအင်းပညာဌာန ပါမောက္ခ ဒေါက်တာချောအိအိထွန်းက “တီထွင်ဆန်းသစ်မှုသို့ဦးတည်သော သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး” စာတမ်း၊ သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနနှင့် တီထွင်ဆန်းသစ်မှုအခန်းကဏ္ဍ” စာတမ်း၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသုတေသနဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာတင်တင်သိန်းက “မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကို အားကောင်းလာစေခြင်း” စာတမ်း၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူး (သုတေသန) ဒေါ်ဝါဝါအောင်က “အခြေခံသုတေသနနှင့် အသုံးချသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး” စာတမ်းတို့ကို ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက ဆွေးနွေးကြ သည်။
Parallel Session 6 အရည်အသွေး အာမခံမှုကဏ္ဍတွင် “အရည်အသွေးအာမခံမှုရှိသော ပညာရေးစနစ် ပိုမိုအားကောင်းလာစေရေး” ခေါင်းစဉ်ဖြင့်ကျင်းပရာ သဘာပတိအဖြစ် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ တွဲဖက်သဘာပတိများအဖြစ် ဆေးတက္ကသိုလ် (၁) ရန်ကုန်ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေ၊ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းတို့က ဆောင်ရွက်ကြပြီး မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် ညွှန်ကြားရေးမှူး ဒေါက်တာလှိုင်မင်းဦးက “အရည်အသွေးအာမခံချက် ရှိသော စိုက်ပျိုးရေးပညာရှင်များနှင့် မွေးမြူဆေးကုပညာရှင်များ ပေါ်ထွက်လာစေရေး” စာတမ်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနီနီအောင်က “အဆင့်မြင့် ပညာရေးတွင် အရည်အသွေးအာမခံစနစ်များကို ခိုင်ခံ့မြဲမြံစေရန်ဆောင်ရွက်ရေး” စာတမ်း၊ Naypyitaw State Academy၊ အင်္ဂလိပ်စာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာသီရိအောင်က “အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၏ အရည်အသွေးအာမခံချက်အပေါ် နိုင်ငံတကာအသိ အမှတ်ပြုမှုရရှိရေး” စာတမ်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခ (ဌာနမှူး) ဒေါက်တာသင်းသင်းယုက “လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည် အသွေးအာမခံမှုရှိသော ပညာရေးစနစ်ဖြစ်ထွန်းလာစေရေး” စာတမ်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန နည်းပညာတက္ကသိုလ် (မှော်ဘီ) ပါမောက္ခချုပ် ဒေါက်တာကေသီလွင်က “အရည်အသွေး အာမခံမှုစနစ်၏ စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရေးနည်းလမ်းများ” စာတမ်း၊ ကျန်းမာရေး ဝန်ကြီးဌာန ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးညွန့်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာပိုင်သစ္စာတို့က “အရည်အသွေး အာမခံမှုရှိသော သင်ကြားသင်ယူမှုစနစ်ကို ဆန်းစစ်အကဲဖြတ်ခံနိုင်ရေး” စာတမ်းတို့ကို ဖတ်ကြား ကြပြီး တက်ရောက်လာသူများက ဆွေးနွေးအကြံပြုကြကာ Plenary Session အတွက် အုပ်စု အလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပညာရေးကို ပိုမိုမြှင့်တင်ပေး” ဦးတည်ချက် ဖြင့် ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ၂၀၂၄ ဒုတိယနေ့ စာတမ်းဖတ်ပွဲ များနှင့် ပြခန်းများကို သူနာပြုကျောင်းသူများ၊ စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား)မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ လာရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ ပြခန်းများတွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များ၏ လက်တွေ့သုတေသန ပြကွက်များ၊ သုတေသနလုပ်ငန်းစဉ် ပိုစတာပြကွက်များ၊ ဆက်စပ်ဝန်ကြီးဌာနများ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ ဖွံ့ဖြိုးတိုးတက်မှုများနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ပြခန်းများဖြစ်သည့် ရေကြောင်းပညာရပ်၊ ဆိပ်ကမ်းအင်ဂျင်နီယာပညာနှင့် မြစ်ချောင်းနှင့် ကမ်းရိုးတန်းအင်ဂျင်နီယာ ပညာများအတွက် အသုံးချနိုင်သည့် ရေလှိုင်းတုထုတ် ပုံစံငယ်ပြကွက်၊ နယ်စပ်ရေးရာဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ် ဒီဂရီကောလိပ်များရှိ ကျောင်းသား ကျောင်းသူများ တီထွင်ဖန်တီးထားသည့် Solar Light Trucker ပြကွက်များ၊ 3D LED Cube ပြကွက်များနှင့် သုတေသနစာတမ်းများ၊ ကျန်းမာရေးဝန်ကြီးဌာန ပြခန်းများရှိ ကင်ဆာရောဂါကို AI (ဉာဏ်ရည်တု) အသုံးပြု၍ ရောဂါ ရှာဖွေခြင်းနှင့် ကုသခြင်းတို့တွင် အသုံးချခြင်းပြကွက်၊ AI နည်းပညာသုံး၍ ကျန်းမာရေးဆိုင်ရာ ပညာရပ်များ သင်ကြားခြင်းပြကွက်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြခန်းရှိ အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ သိမှတ်ဖွယ်ရာပြကွက်များနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြခန်း တွင် ဉာဏ်စမ်းပဟေဠိများပါဝင်သည့် ပြကွက်များကို ခင်းကျင်းပြသထားကြောင်း သိရသည်။
