Naypyitaw State Academy (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

 

နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၉

 

Naypyitaw State Academy (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာအစားအစာ ဈေးရောင်းပွဲတော်နှင့် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်အောက်၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ Naypyitaw State Academy ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာနုနုလွင်နှင့် ဒုတိယပါမောက္ခချုပ် (သင်တန်း) ဒေါက်တာစိုးစိုးအောင်၊ အရာထမ်း၊ အမှုထမ်းများ၊ ဆုရရှိကြသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် Naypyitaw State Academy ၏ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာနုနုလွင်နှင့် ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာစိုးစိုးအောင်တို့က ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် Naypyitaw State Academy ၏ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ဈေးရောင်းပွဲတော်ရှိ ဈေးဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။