ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရှမ်းပြည်နယ်(တောင်ပိုင်း) ‌အောင်ပန်း၊ ဟိုပုံးမြို့နယ်တို့ရှိ အခြေခံပညာကျောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ သွားရောက်ကြည့်ရှု အားပေး

နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၁၆

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အောင်ပန်းမြို့နယ် အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအတွင်း ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်းတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှု‌အားပေး၍ ကျောင်းသား ကျောင်းသူများအနေဖြင့် ယခုကာလကတည်းက ဗလငါးတန်နှင့် ပြည့်စုံသော လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြရမည် ဖြစ်ပါကြောင်း၊ ပညာတတ်မြောက်ရေးအတွက် ဆရာ ဆရာမများ သင်ကြားသည့်အခါ အာရုံစူးစိုက်သင်ယူ၍ ထူးချွန်သည့် နိုင်ငံသားကောင်းများဖြစ်ရန် ကြိုးစားကြစေလိုပါကြောင်း ပြောကြားသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပေါင်လင်းအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌ ဦးခွန်ရဲသွေးနှင့်အတူ အဆိုပါကျောင်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းဆောင်သစ် တည်ဆောက်နေမှု လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။

    

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းအတွင်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များကို သင်ကြားသင်ယူနေသည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ မိမိတို့ သင်ယူနေသည့် ဘာသာရပ်များကို စိတ်ဝင်စားစွာ လေ့လာသင်ယူ ကြစေလိုပါကြောင်း၊ သင်ယူနေသည့် ဘာသာရပ်သည် နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်သဖြင့် ကြိုးစားလေ့လာ သင်ယူကြစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဟိုပုံးမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှု၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု၊ သင်ကြားသင်ယူနေမှု အခြေအနေများကို ကြည့်ရှုစစ်‌ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။