နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinary Kumar ကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် Naypyitaw State Academy ၌ ဘာသာရပ်ခြောက်ခုတွင် ပါရဂူတန်းများ ဖွင့်လှစ်မည်ဖြစ်သောကြောင့် အိန္ဒိယတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ တက္ကသိုလ်ငါးခုနှင့် အိန္ဒိယနိုင်ငံရှိ အငယ်စားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး၊ အိုင်စီတီ၊ အသိဉာဏ်တု၊ အဏ္ဏဝါသိပ္ပံ၊ အဏုဇီဝ၊ အင်္ဂလိပ်စာသင်ကြားရေး၊ စီးပွားရေးစီမံခန့်ခွဲမှု၊ သက်မွေးပညာ၊ ဆရာအတတ်ပညာဘာသာရပ်များအတွက် ပညာတော်သင် ပိုမိုစေလွှတ်နိုင်ရေး၊ Open University ကို အွန်လိုင်းဖြင့် ပို့ချပေးနိုင်မည့်အခြေအနေ၊ အိန္ဒိယ ပညာရေးဌာနများမှ အဆင့်မြင့်အရာရှိများနှင့် မြန်မာဘက်မှ ညွှန်ကြားရေးမှူးချုပ်များက ဗီဒီယို ကွန်ဖရင့်ဖြင့် ချိတ်ဆက်ဆွေးနွေးရေး၊ ပညာတော်သင်များ ပိုမိုခေါ်ယူပေးနိုင်မည့်အခြေအနေများ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး အိန္ဒိယသံအမတ်ကြီး နှင့်အတူ ပထမအတွင်းဝန် Mr. Abhijit Shu- kla တက်ရောက်သည်။
