ရန်ကုန် ၂၀၂၃ ဩဂုတ် ၃၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရန်မြို့၌ ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ်၊ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်ခဲ့သော ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
၂၀၂၃ ခုနှစ်၊ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားကို ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ကျင်းပလျက်ရှိပြီး ကွေ့ကျိုး တက္ကသိုလ်နှင့် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များအကြား ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ ပညာရေးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲစွာမြှင့်တင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
