ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ Guizhou တက္ကသိုလ်သို့ သွားရောက်လေ့လာ

နေပြည်တော် ၂၀၂၃ ဩဂုတ် ၃၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့တွင် ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ကွေ့ကျိုးတက္ကသိုလ် (Guizhou University)သို့ သွားရောက်လေ့လာရာ တက္ကသိုလ်မှတာဝန်ရှိသူများက တက္ကသိုလ်ရှိ စာကြည့်တိုက်၊ လက်တွေ့ခန်းများ၊ တက္ကသိုလ် သမိုင်းပြတိုက်နှင့် တက္ကသိုလ်အတွင်း လိုက်လံရှင်းလင်းပြသကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ကွေ့ကျိုးတက္ကသိုလ်မှ တာဝန်ရှိသူများတွေ့ဆုံပွဲကို အဆိုပါတက္ကသိုလ်ဧည့်ခန်းမ၌ ကျင်းပရာ ကွေ့ကျိုးတက္ကသိုလ်မှ တာဝန်ရှိသူများက တက္ကသိုလ်ဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားပြီး ကွေ့ကျိုးတက္ကသိုလ်နှင့် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များအကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကွေ့ကျိုး ပါ့လင်ကြိုးတံတား ပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။