၂၀၂၃ ခုနှစ် ပညာရေးဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၃ ဇူလိုင် ၁

၂၀၂၃ ခုနှစ် ပညာရေးဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက မင်္ဂလာကံ့ကော်ပင်ကို ဦးစွာစိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဧည့်သည်တော်များက ပိတောက်၊ မဟော်ဂနီ၊ ကျွန်း၊ ကုက္ကိုနှင့် ဆီသပြေပင်များကို သတ်မှတ်နေရာများ၌ စိုက်ပျိုးပေးကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ယနေ့စိုက်ပျိုးသည့် သစ်ပင်များ ရှင်သန်ကြီးထွားအောင် ဂရုစိုက်ကြစေလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနရှိ ပညာရေးမိသားစုများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် နှစ်စဉ်နှစ်တိုင်း သစ်ပင်စိုက်ပျိုးမှုအစဉ်အလာကောင်းများကို လက်ဆင့်ကမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

 

ယနေ့ကျင်းပသည့် ၂၀၂၃ ခုနှစ် ပညာရေးဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကံ့ကော်တစ်ပင်၊ ဆီသပြေပင် ၃၀၊ ပိတောက် ၁၀ ပင်၊ မဟော်ဂနီ ၁၀ ပင်၊ ကျွန်းပင် ၂၀၀ နှင့် ကုက္ကိုပင် ၅၀ စုစုပေါင်း ၃၀၁ ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။