နေပြည်တော် ၂၀၂၃ ဇွန် ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာကျော်ဆန်းဝင်းနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ ဇွန် ၇ ရက်မှ ဇွန် ၉ ရက်အထိ ကျင်းပမည့် ပညာရေးဝန်ကြီးများ၏ အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ ပညာရေးဖိုရမ်ကို “Shaping the Future” ဦးတည်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး အနာဂတ်ပညာရေးကို ပုံဖော်နိုင်မည့် အခွင့်အလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
