မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ဒုတိယနေ့ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲများ ဆက်လက်ကျင်းပ

နေပြည်တော် ၂၀၂၃ မေ ၁၉

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ဒုတိယနေ့ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲ အစီအစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမျူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် စာတမ်းဆွေးနွေးမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။

ဒုတိယနေ့ဆွေးနွေးပွဲကို အခန်း(၇)ခန်းတွင် အုပ်စု(၇)စုခွဲ၍ ဆွေးနွေးပွဲ ခေါင်းစဉ်ကြီး (၇)ခုဖြင့် ကျင်းပကြရာ တစ်အုပ်စုလျှင် စာတမ်း(၆)စောင်ကို စာတမ်းရှင်များက ဖတ်ကြားကြပြီး တက်ရောက်လာသူများက တက်ကြွစွာပါဝင်ဆွေးနွေးကြသည်။

Parallel Session 1 တွင် “ကျောင်းတက်သူဦးရေ ပိုမိုတိုးတက်လာစေရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ Chair အဖြစ် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ Co-chair အဖြစ် ဦးရဲလင်းမြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ အခြေခံပညာဦးစီးဌာန၊ ဒေါ်ခင်မာဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ အခြေခံပညာ ဦးစီးဌာနတို့က ဆောင်ရွက်ကြပြီး ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေက “ဒေသဆိုင်ရာအုပ်ချုပ်ရေး၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းစည်းရုံး ဆောင်ရွက်ရေး” စာတမ်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးဖြိုးကျော်က “ကျန်းမာပျော်ရွှင်သော ပညာသင်ယူမှု ပတ်ဝန်းကျင် ကောင်းဖန်တီးရေး” စာတမ်း၊ ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ် အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမိုးမိုး က “သင်ကြားသင်ယူမှုအပေါ် စဉ်ဆက် အကဲဖြတ်စနစ်၏ ထိရောက်မှုကို ဆန်းစစ်ရေး” စာတမ်း၊ ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှုး ဒေါက်တာအေးသီတာ က “နှစ်ချို့ကင်းကွာ ကျောင်းသားများ ပြန်လည်လက်ခံရေးအတွက် နည်းလမ်းရှာဖွေရေး” စာတမ်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး (ပြည်တွင်း) ဦးသန်းထိုက်က “ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး” စာတမ်း၊ ပညာရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်း က “ကျောင်းသားဆရာအချိုး မျှတစေရေး ”စာတမ်းကို ဖတ်ကြားကြပြီး တက်ရောက်လာသူများက တက်ကြွစွာပါဝင် ဆွေးနွေးကြသည်။

အလားတူ Parallel Session 2 တွင် “KG+9 ပြီးမြောက်ရေးကို အမျိုးသားရေးကိစ္စ တစ်ရပ်အဖြစ်ဆောင်ရွက်ရေး” ခေါင်းစဉ်ဖြင့်ကျင်းပရာ Chair အဖြစ် ဒေါက်တာဇော်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ Co-chair အဖြစ် ဒေါ်စန်းစန်းရီ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ၊ အခြေခံပညာဦးစီးဌာန ဦးတင်လှိုင်၊ ညွှန်ကြားရေးမှူး (ငြိမ်း)၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့က ဆောင်ရွက်ကြပြီး ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာတင်ယုယုအေး က  “ကျောင်းဝင်နှုန်းမြင့်မားရေး”စာတမ်း၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းနုနုစိန် က “ကျောင်းနေမြဲရေးနှင့် တန်းစဉ်ကူးပြောင်းမှုမြင့်မားရေး” စာတမ်း၊ အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဝင်းစိုးက “ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူရာတွင် လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းပေးရေး” စာတမ်း၊ တောင်ငူပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂီကျော် က “ အရည်အသွေးရှိသော ဆရာ၊ ဆရာမများ ဖြည့်ဆည်းလေ့ကျင့်ပေးရေး” စာတမ်း၊  အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ချိုချိုဝင်း က “အမှန်တကယ် စာတတ်မြောက်၍ မျိုးချစ်စိတ်နှင့် တိုင်းပြည်ချစ်စိတ်ရှိသည့် နိုင်ငံ့သားကောင်းများ မွေးထုတ်ပေးရေးနှင့် ကောင်းမွန်သော အသိပညာ၊ ကောင်းမွန်သော အလေ့အကျင့်များကို မူ၊လယ်၊ထက် သင်ရိုးညွှန်းတမ်းတွင် ချိတ်ဆက်ထည့်သွင်း အသိပညာပေးရေး” စာတမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုး က “နယ်စပ်ဒေသများပါမကျန် ကျောင်းနေအရွယ်ကလေးတိုင်း KG+9 ပြီးမြောက်ရေး” စာတမ်းတို့ကို ဖတ်ကြားကြသည်။

Parallel Session 3 တွင် “KG+9 ပြီးမြောက်အောင်မြင်သူ လူငယ်လူရွယ်များကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ရရှိရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများဖော်ထုတ်ရေး” ခေါင်းစဉ်ဖြင့်ကျင်းပရာ Chair အဖြစ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ Co-chairs အဖြစ် စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဖြိုးမြင့်ဆွေနှင့် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးစိုးဝင်းတို့က ဆောက်ရွက်ကြပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်ဇေယျမြင့် က “နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး သင်ယူနိုင်မှုအခွင့်အလမ်းကို ပြည်သူလူထု ပိုမိုသိရှိနားလည်လာစေရန် တိုးမြှင့်ဆောင်ရွက်ရေး” စာတမ်း၊ စိုက်ပျိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာလေးလေးခိုင်က “KG+9 အလွန် ပညာရေးတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကို သင်ယူနိုင်သော သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး” စာတမ်း၊ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ချိုသင်း က “KG+9 အလွန်ပညာရေးအတွက် လိုအပ်သော ဆရာ ဆရာမများခန့်ထားရေးနှင့် စွမ်းဆောင်မှုမြှင့်တင်နိုင်ရေး” စာတမ်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာပြည့်ကျော်သူက “KG+9 အလွန် ပညာရေးအတွက် နည်းပညာကဏ္ဍသင်ရိုးညွှန်းတမ်း၊ စစ်ဆေးအကဲဖြတ်မှု၊ အရည်အသွေးအာမခံမှုနှင့် စီမံခန့်ခွဲမှုပိုမိုအားကောင်းအောင်ဆောင်ရွက်ရေး” စာတမ်း၊ မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာရဲထွဋ်အောင် က KG+9 အလွန်ပညာရေးအတွက် စိုက်ပျိုး-မွေးမြူရေးကဏ္ဍ သင်ရိုးညွှန်းတမ်း၊ စစ်ဆေးအကဲဖြတ်မှု၊ အရည်အသွေးအာမခံမှုနှင့် စီမံခန့်ခွဲမှုပိုမို အားကောင်းအောင် ဆောင်ရွက်ရေး”စာတမ်း၊ စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကြည်ကြည်ချို က “စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများနှင့် သက်မွေးပညာသင်တန်းကျောင်းများမှ ပြီးမြောက်သူများကို ဘဝတစ်သက်တာ ပညာသင်ကြားခွင့် ရရှိရေးအတွက် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာ အထက်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြုရေးနှင့် ဆက်လက်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင်ရေး” စာတမ်းတို့ကို ဖတ်ကြားကြသည်။

Parallel Session 4 တွင် “လုပ်ငန်းခွင်လက်တွေ့အသုံးကျမည့် နည်းပညာနှင့် သက်မွေးပညာရပ်များကို ထိရောက်စွာသင်ကြား၍ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပကြရာ Chair အဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်၊ Co-chairs အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာယဉ်ယဉ်ဌေး‌အောင်၊ ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံ(ဟိုပုံး) စာပေညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးခင်မောင်ထွန်း တို့က ဆောင်ရွက်ကြပြီး နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဉာဏ်ဝင်းသန်း က “လုပ်ငန်းခွင် လက်တွေ့အသုံးကျမည့် စက်မှုဆိုင်ရာ သက်မွေးပညာသင်တန်းများအတွက် သင်ယူနိုင်သောအခွင့်အလမ်းများ တိုးချဲ့‌ဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေး” စာတမ်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာစောထိုလွီထူးက “လုပ်ငန်းခွင် လက်တွေ့အသုံးကျမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ သက်မွေးပညာသင်တန်းများအတွက် သင်ယူနိုင်သော အခွင့်အလမ်းများတိုးချဲ့‌ဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေး” စာတမ်း၊ အ‌မှတ်(၆) စက်မှုသင်တန်းကျောင်း မြင်းခြံ ကျောင်းအုပ် ဒေါ်မျိုးမျိုးသက်က အစိုးရ၊ ပုဂ္ဂလိက၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေမည့် အစီအစဉ်များဖော်ထုတ်ရေး”စာတမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပါမောက္ခဦးသက်ခိုင်ဦး က “ခေတ်နှင့်လျော်ညီသော နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရေး” စာတမ်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် ဘောဂဗေဒဌာန ပါမောက္ခဌာနမှူး ဦးကျော်သူရ က “လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် သက်မွေးပညာရေးမြှင့်တင်ရေး” စာတမ်း၊ အစိုးရ နည်းပညာ အထက်တန်းကျောင်း (ရွာမ) ကျောင်းအုပ်ကြီး ဦးဇေယျာ‌အောင် က “ရေရှည်တည်တံ့ ခိုင်မြဲသော သက်မွေးပညာရေးစနစ် ဖြစ်မြောက်‌အောင် ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများ ဖော်ဆောင်ရေး” စာတမ်းတို့ကို ဖတ်ကြားကြသည်။

Parallel Session 5 တွင် “ အဆင့်မြင့်ပညာကဏ္ဍ တိုးတက်ရေးနှင့် အသိပညာရှင် အတတ်ပညာရှင်များ မွေးထုတ်ရေး” ခေါင်းစဉ်ဖြင့်ကျင်းပရာ Chair အဖြစ် ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ Co-chairs အဖြစ် ရန်ကုန်ပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ဦးနှင့် ရန်ကုန်နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာလှမျိုးထွန်းတို့က ဆောင်ရွက်ကြပြီး ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနီလာကြူ က “အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်း အထောက်အကူပြုစေမည့် ပတ်ဝန်းကျင်ဖြင့် သင်ကြားရေး”စာတမ်း၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက “နည်းပညာအသုံးပြု သင်ကြား သင်ယူမှုနှင့် စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်မည့် အစီအစဉ်များဖော်ထုတ်ရေး”  စာတမ်း၊ စစ်တက္ကသိုလ် သုတေသနဌာန လက်ထောက်ကထိက ဗိုလ်မှူးထွန်းလင်းကျော် က “သင်ယူမှုရလဒ်များကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မည့် ရလဒ်အခြေပြုပညာရေး စနစ်” စာတမ်း၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာယဉ်မျိုးသူက “တက္ကသိုလ် ဥပဓိရုပ် ကောင်းမွန်ရေးနှင့် တက္ကသိုလ်ပရိဝုဏ် သန့်ရှင်းသာယာခံ့ညားရေး ” စာတမ်းကိုလည်းကောင်း၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ပါမောက္ခ ဒေါက်တာနီလာတိုးက “ရလဒ်အခြေပြုသင်ရိုး ညွှန်းတမ်းများ ခေတ်မီစေရေး” စာတမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာမြင့်မြင့်ကြည် က “နိုင်ငံစီးပွားတိုးတက်ရေးအတွက် စီးပွားရေးပညာရှင်များ ပိုမိုမွေးထုတ်ပေးရေး” စာတမ်းတို့ကို ဆွေးနွေးကြသည်။

Parallel Session 6 တွင် “သုတေသနနှင့် တီထွင်ဆန်းသစ်မှုမြင့်မားရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ Chair အဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းနှင့် ဇီဝနည်းပညာသုတေသနဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးအေးခိုင် တို့က ဆောင်ရွက်ကြပြီး  မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသုနန္ဒာ က “ဘွဲ့ကြိုသင်တန်းများတွင် ဘွဲ့ယူသုတေသန ပရောဂျက်အစီအစဉ်များ ထည့်သွင်းရေး”စာတမ်း၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့် က “သယံဇာတနှင့် သဘာဝဝန်းကျင် ရေရှည်တည်တံ့ရေးအတွက် အဆင့်မြင့်ပညာ၏ အရေးပါမှု” စာတမ်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဆွေလင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်တို့က “နည်းပညာအခြေပြု စာရေရိက္ခာဖူလုံရေး” စာတမ်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် ပါမောက္ခ ဒေါက်တာမို့မို့ကြည် က “တက္ကသိုလ်နှင့်လုပ်ငန်းခွင် ချိတ်ဆက်ရေး” စာတမ်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင် က “အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အထောက်အကူပြု အသုံးချ သုတေသနများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး” စာတမ်း၊ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာတင်ဦး က “ သုတေသနဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ချမှတ်နိုင်ရေး” စာတမ်းတို့ကို ဖတ်ကြားကြသည်။

Parallel Session 7 တွင် “အရည်အသွေးရှိသော ဆရာ ဆရာမများ ဖြည့်ဆည်း လေ့ကျင့်ပျိုးထောင်ရေး” ခေါင်းစဉ်ဖြင့်ကျင်းပရာ  Chair အဖြစ် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ Co-chairs အဖြစ် ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် ဆရာအတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သူဇာရှိန်တို့က ဆောင်ရွက်ကြပြီး ဆရာအတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးဖြူဇင် က “ပညာရေးကဏ္ဍအလိုက် ဆရာ ဆရာမများ လုံးလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအစီအစဉ်များ ထည့်သွင်းရေး” စာတမ်း၊ မွန်ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင် က “ဆရာ ဆရာမများ ပြုန်းတီးမှုလျော့ပါးစေရေးနှင့် လုပ်ငန်းခွင်ပျော်မွေ့စေရေး”စာတမ်း၊ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်“ လုပ်ငန်းခွင်အကြိုသင်တန်းနှင့် လုပ်ငန်းခွင်အတွင်း မွမ်းမံသင်တန်းများ တက်ရောက်စေရေး” စာတမ်း၊ နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင် ကောလိပ် (ဘယ်လင်း) ကျောင်းအုပ်ကြီး ဒေါက်တာသန်းဇော် က “နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍရှိ ဆရာ ဆရာမများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး” စာတမ်းတို့ကို ဖတ်ကြားကြသည်။

မွန်းလွဲပိုင်းတွင် Chair အဖြစ် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ဆွေထွန်း၊ Co-chairs အဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဉာဏ်ဝင်းသန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးဖြူဇင်တို့က ဆောင်ရွက်ကြပြီး ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင် က “ဆရာတတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင်(TCSF)နှင့် ကျောင်းတွင်းအရည်အသွေး အာမခံမှု(IQA)တို့ ချိတ်ဆက်၍ ဆရာအရည်အသွေးမြင့်မာစေရေး” စာတမ်း၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးညွန့် က "ဆရာ ဆရာမများ အရည်အသွေး စဉ်ဆက်မပြတ်လေ့ကျင့်ပေးရေး”စာတမ်းတို့ကို ဖတ်ကြားကြပြီး တက်ရောက်လာသူများက တက်ကြွစွာ ဆွေးနွေးအကြံပြုကြသည်။

ယနေ့  မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရာ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ရှိ ပညာရေးနှင့် ဆက်စပ်ဝန်ကြီးဌာနများ၏ ပညာရေးပြခန်းများသို့ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ မိဘပြည်သူများ လာရောက်ကြည့်ရှု လေ့လာကြပြီး ညနေပိုင်းတွင် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများ လာရောက်ကြည့်ရှု လေ့လာကြကြောင်း သိရသည်။