နေပြည်တော် ၂၀၂၃ မေ ၅
မေ ၁၈ ရက်မှ ၂၀ ရက်အထိ နေပြည်တော်တွင် ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)အကြို ညှိနှိုင်းဆွေးနွေးပွဲအဖြစ် စာတမ်းရှင် ၄၂ ဦး၊ သဘာပတိ ကိုး ဦး၊ ပူးတွဲ သဘာပတိ ၁၈ ဦးတို့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က စာတမ်းပြုစုတင်ပြရာတွင် ပါဝင်သင့်သည့်အချက်များကို ရှင်းလင်းပြောကြားကာ ပညာရေး တိုးတက်မှုကို အဟန့်အတားဖြစ်နေသည့် အကြောင်းရင်းများကို ဝိုင်းဝန်း ဆွေးနွေးအဖြေရှာ၍ အဆိုပြု ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်ပေးကြပါရန် ဆွေးနွေး မှာကြားသည်။
ထို့နောက် စာတမ်းတစ်စောင်ချင်းစီကို တက်ရောက်လာကြသူများက ဝိုင်းဝန်း ဆွေးနွေး အကြံပြုကြခဲ့ကြောင်း သိရသည်။
