မာန်အောင် ၂၀၂၂ ဇန်နဝါရီ ၂၆
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် မာန်အောင်မြို့နယ် မိမ္မကြွယ်ရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဝန်းအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေး၍ ကျောင်းအုပ်ကြီး၊ဆရာဆရာမများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် များနှင့်အညီ ကျောင်းများ ဉပဓိရုပ်ကောင်းမွန်ရေး၊ သင်ကြားသင်ယူမှု ကောင်းမွန်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်မြင့်မားရေးအတွက် ပညာရေး မိသားစုများအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုး တက်ရေးအတွက် အမှန်တကယ်လိုအပ်နေသောအရာများကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် ကျောင်းသားကျောင်းသူများ အမှန်တကယ်စာတတ်မြောက်၍ ပညာရေးအရည်အသွေးတိုးတက်အောင် စေတ နာထား ကြိုးစားသင်ကြားပေးစေလိုပါကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသားကျောင်းသူများ အေးချမ်း စွာ ပညာသင်ကြားမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မာန်အောင်မြို့နယ် အခြေခံပညာ အလယ်တန်းကျောင်းခွဲ (ကျူ) ၊ အခြေခံပညာအလယ်တန်းကျောင်း(ပြင်ကောက်) ၊ အခြေခံပညာအထက်တန်းကျောင်း(ကမား)၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲ (အိုးဝ)၊ အခြေခံပညာမူလတန်းလွန်ကျောင်း စွန်းပန်းချောင်း(အောက်)၊ အခြေခံပညာ အထက်တန်းကျောင်း (သစ်ပုံ) ၊ အခြေခံပညာမူလတန်းကျောင်း (ကျူပေကုန်း)၊ အခြေခံပညာအထက်တန်းကျောင်း(ဇရပ်ကုန်းခင်)၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ(ဘူးရေမျက်)၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ဘုရားကြီးကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(ကုန်းခင်)၊ အခြေခံပညာအထက် တန်းကျောင်း (ဆင်နားချောင်)၊ အခြေခံပညာမူလတန်းကျောင်း(တောထူ) ကျောင်းများသို့ ကျောင်း သား၊ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးကာ ဆရာဆရာမများ၏ သင်ကြားရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာများ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
