နေပြည်တော် ၂၀၂၃ ဇွန် ၁၅
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂တွင် မေ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) မှ ဆွေးနွေးရရှိသော အကြံပြုချက်များအပေါ် အခြေခံ၍ ရှေလုပ်ငန်းစဉ်စီမံချက် ရေးဆွဲရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို ပညာရေးဝန်ကီးဌာန ပြည်ထောင်စုဝန်ကီး ဒေါက်တာညွန့်ဖေ၊ ဆက်စပ်ဝန်ကီးဌာနများမှ ဒုတိယဝန်ကီးများ၊ အမဲတမ်းအတွင်းဝန်များ၊ န်ကားရေးမှူးချပ်များ၊ ဒုတိယအမဲတမ်းအတွင်းဝန်များ၊ ဒုတိယန်ကားရေးမှူးချပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကသည်။
ဦးစွာ ပြည်ထောင်စုဝန်ကီးက ပညာရေးညီလာခံ ကျင်းပခဲ့သည့် သုံးရက်တာ ကာလအတွင်း ပါဝင်တက်ရောက်သူ ၁၈၀၀ ကျော်ြဖင့် ပညာရေးဆိုင်ရာြပခန်းများ ဖွင့်လှစ်ခြင်း၊ အဖွဲလိုက် Panel discussion ဆွေးနွေးခြင်း၊ အဓိကခေါင်းစဉ် ခုနစ်ခုအလိုက် Parallel session များခွဲ၍ စာတမ်းများ ဖတ်ကားခြင်း ဆောင်ရွက်ကာ ခေါင်းစဉ်အလိုက် ပြန်လည်သုံးသပ် ဆွေးနွေးခြင်း Plenary Session များကို ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ဆွေးနွေးဆောင်ရွက်ချက်များမှ အနာဂတ် မြန်မာနိုင်ငံ၏ ပညာရေးက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အကျိုးရှိသည့် အကြောင်းအရာများ၊ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ဦးစားပေးနယ်ပယ်များကို ဆွေးနွေးဖော်ထုတ်နိုင်ခဲ့ ကြောင်း။
နိုင်ငံတော် စီမံအုပ်ချပ်ရေး ကောင်စီဥက နိုင်ငံတော်ဝန်ကီးချပ်က ပညာရေးညီလာခံ ကျင်းပရသော ရည်ရွယ်ချက်ခုနစ်ချက်ကို လမ်းန်မပြခဲ့ကြောင်း၊ အဆိုပါ ရည်ရွယ်ချက်ခုနစ်ချက်ကို အခြေခံပီး ဆွေးနွေးပွဲခေါင်းစဉ် ခုနစ်ခုချမှတ်ကာ ဆွေးနွေးခဲ့ခြင်းမှ ရရှိလာသော ရှေလုပ်ငန်းစဉ် အကြံပြုချက်များကို ရှေလုပ်ငန်းစဉ်စီမံချက်၊ အစီအမံများ စနစ်တကျရေးဆွဲပီး နိုင်ငံတော်စီမံအုပ်ချပ်ရေးကောင်စီသို ပြန်လည်တင်ပြသွားရမည်ဖြစ်ကြောင်း၊ ညီလာခံအပီးတွင် ဒုတိယဝန်ကီး၊ အမဲတမ်းအတွင်းဝန်နှင့် ပညာရေးဝန်ကီးဌာနမှ န်ကားရေးမှူးချပ်များ အကိမ်ကိမ်တွေ့ဆုံ ဆွေးနွေးခဲ့ပီး ကအလိုက် ဆောင်ရွက်ရမည့် ရေတို၊ ရေရှည်အစီအမံ မူကမ်းများကို ရေးဆွဲခဲ့ကြောင်း၊ အဆိုပါမူကမ်းများကို ပိုမိုပြည့်စုံကောင်းမွန်အောင် ဖြည့်စွက်ပြင်ဆင် တည်းဖြတ်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကားကာ အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
