မိမိတို့ကျောင်းများအလိုက် ပညာတတ်ကျောင်းသား ကျောင်းသူများ ပေါ်ထွက်လာအောင် ပြုစုပျိုးထောင်ပေးပြီး တက္ကသိုလ်ဝင်တန်းအောင်ချက် မြင့်မားရေးအတွက် ဆရာဆရာမများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း သင်ကြားပေးကြစေလို

မိမိတို့ကျောင်းများအလိုက် ပညာတတ်ကျောင်းသား ကျောင်းသူများ ပေါ်ထွက်လာအောင် ပြုစုပျိုးထောင်ပေးပြီး   တက္ကသိုလ်ဝင်တန်းအောင်ချက် မြင့်မားရေးအတွက် ဆရာဆရာမများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း သင်ကြားပေးကြစေလို

မာန်အောင် ဇန်နဝါရီ ၂

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင်   မာန်အောင်မြို့ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ဈေးတန်း)သို့ ရောက်ရှိပြီး ကျောင်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထိုနောက် အဆိုပါကျောင်းခန်းမ၌ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေး မှူးများ၊ မာန်အောင်မြို့ပေါ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီး များနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ကျောင်းများအလိုက် ပညာတတ် ကျောင်းသားကျောင်းသူများ ပေါ်ထွက်လာအောင် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါ ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဆရာဆရာမများ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်း သင်ကြားပေးကြစေလိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ ဆရာဆရာမများအား စစ်တွေ တက္ကသိုလ်မှ ဘာသာရပ်အလိုက် ရက်တိုမွမ်းမံသင်တန်းများဖွင့်လှစ်ပို့ချပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ပြည်နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြ စေလိုပါ ကြောင်း ပြောကြားသည်။

 ထို့နောက် တက်ရောက်လာသည့် ဆရာဆရာမများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြား၍ သင်ကြားသင်ယူရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ရေ၊မီးနှင့် ကျောင်းဆောင်စသည့်လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မာန်အောင်မြို့ အခြေခံပညာအထက် တန်းကျောင်း၊ ကျောက်တန်းရွာ  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ သာယာ ကုန်းရွာ အခြေခံပညာအထက်တန်းကျောင်း၊ ဆားချက် အခြေခံပညာအထက်တန်း ကျောင်းနှင့်ပလင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းများသို့သွားရောက်၍ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှု အားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။