News

နေပြည်တော် ၂၀၂၆ မေ ၂၅
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် သုတေသနနှင့်တီထွင်ဆန်းသစ်မှုစင်တာ၌ သုတေသနစာတမ်းများ ဖတ်ကြားရှင်းလင်းမှုကို တက်ရောက်အားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ပေးသည်။

နေပြည်တော် ၂၀၂၆ မေ ၂၅
၂၀၂၆-၂ဝ၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းရှိ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

နေပြည်တော် ၂၀၂၆ မေ ၂၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ) ဥပဓိရုပ်ကောင်းမွန်ရေးနှင့် တက္ကသိုလ်မုခ်ဦး၊ ရေကန်များနှင့် မြေယာရှုခင်းများကို ကြည့်ရှုသည်။

မန္တလေး ၂၀၂၆ မေ ၂၃
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဝက်ဝံ)၊ အခြေခံပညာ မူလတန်းကျောင်း(ကုန်းဘောကျေးရွာ)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ရေငယ်)၊ အခြေခံပညာအထက်တန်းကျောင်း (မိုးကြိုးစံပြ)၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ပြင်ဦးလွင်)၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း(ပြင်ဦးလွင်)နှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (အောင်ချမ်းသာ)တို့တွင် ကျောင်းဆောင်သစ်များ တိုးချဲ့တည်ဆောက်ရန် လျာထားမြေနေရာများ၊ ကျောင်းအပ်နှံရေး သီတင်းပတ်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော် ၂၀၂၆ မေ ၂၁
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်း၊ မြို့မဈေးအနီး၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ပညာရေးမှူး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

နေပြည်တော် ၂၀၂၆ မေ ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ရန်ကုန် ၂၀၂၆ မေ ၁၇
ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး‌ ဒေါက်တာဇော်မြင့်သည် မေ ၁၅ ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ရန်ကင်းပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိသည်။

နေပြည်တော် ၂၀၂၆ မေ ၁၄
အခြေခံပညာအလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၆ မေ ၁၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံ သံအမတ်ကြီး H.E. Mr. Segundo Martin Calero Escorcia အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

‌နေပြည်တော် ၂၀၂၆ မေ ၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများကို ကြည့်ရှုစစ်ဆေးသည်။

Pages