ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ရန်ကုန်မြို့အခြေစိုက် အင်ဒိုနီးရှားသံရုံး သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ
နေပြည်တော် ၂၀၂၆ စက်တင်ဘာ ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ရန်ကုန်မြို့အခြေစိုက် အင်ဒိုနီးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Novan Ivanhoe Saleh ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။






