သတင်းများ
နေပြည်တော် ၂၀၂၃ မေ ၄
ပညာရေးဝန်ကြီးဌာန အခြေခံပညာ Grade-9 နှင့် Grade-12 သင်ရိုးသစ် ဗဟိုအဆင့်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် Naypyitaw State Academy ရှိ စုဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၃ မေ ၂
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေးလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တောင်ကြီး ၂၀၂၃ မေ ၂
တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ကြီးကြပ်ဆရာ ဆရာမများ၊ လူရည်ချွန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နှင့် ကျောက်တလုံးကြီးမြို့ရှိ သမိုင်းဝင်ရှေးဟောင်းဘုရား၊ စေတီများအား သွားရောက်ဖူးမြော်ကြသည်။
တောင်ကြီး ၂၀၂၃ မေ ၁
တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ကြီးကြပ်ဆရာ ဆရာမများ၊ လူရည်ချွန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားသို့ သွားရောက် ဖူးမြော်ကြသည်။
တောင်ကြီး ၂၀၂၃ ဧပြီ ၃၀
တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် အင်းလေးကန်သို့ လေ့လာရေးခရီး သွားရောက်ကြသည်။
ပုသိမ် ၂၀၂၃ ဧပြီ ၂၉
၂၀၂၃ ခုနှစ် ဧကာဒသမတန်းလူရည်ခန်စခန်း(ငွေဆောင်)စခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကီး ငွေဆောင်ကမ်းခြေ ယမုံနာဦးဟိုတယ်၌ ကျင်းပသည်။
တောင်ကြီး ၂၀၂၃ ဧပြီ ၂၉
၂ဝ၂၃ ခုနှစ် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ကျင်းပသည်။
တောင်ကြီး ၂၀၂၃ ဧပြီ ၂၈
တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းတွင် ရောက်ရှိနေသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒသမတန်း(Grade-10) လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက် ၈နာရီတွင် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းရှိ ဒေါ်ခင်သိန်းခန်းမ၌ လူရည်ချွန်အဖွဲ့(၁၉၆၄-၈၈)မှ လူရည်ချွန် ကြီးများနှင့် တွေ့ဆုံ၍ ပညာရေးဆိုင်ရာ ဟောပြောပွဲကျင်းပရာ လူရည်ချွန်ကြီးများဖြစ်ကြသည့် ဒေါ်နန်းမိုမိုသီတာက မိတ်ဆက်စကား ပြောကြားပြီး ဦးခင်မောင်ကြည်က လူရည်ချွန်အဖွဲ့(၁၉၆၄-၈၈) အကြောင်း သိကောင်းစရာများကို ပြောကြားသည်။
နေပြည်တော် ၂၀၂၃ ဧပြီ ၂၇
ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများကို စံနမူနာထားကာ ကျောင်းသားလူငယ်များကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အဋ္ဌမတန်း လူရည်ချွန် ၁၆၀၊ ဒသမတန်း လူရည်ချွန် ၁၆၀၊ ဧကာဒသမတန်း လူရည်ချွန် ၁၅၈ ဦး စုစုပေါင်း ၄၇၈ ဦးကို မွေးထုတ်နိုင်ခဲ့သည်။
နေပြည်တော် ၂၀၂၃ ဧပြီ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ တွေ့ဆုံ၍ ဩဝါဒစကား မြွက်ကြားသည်။