သတင်းများ

23/05/2023 - 12:00

နေပြည်တော် ၂၀၂၃ မေ ၂၃
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အားကစားခန်းမ၌ ကျင်းပသည်။

20/05/2023 - 00:00

နေပြည်တော် ၂၀၂၃ မေ ၂၀
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) တတိယနေ့ Plenary Session ကို ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ရှိ Plenary H‌all ညီလာခံခန်းမ၌ ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ပညာရေးဝန်ကြီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာရှင်ကြီးများ၊ ပါမောက္ခများ၊ စာတမ်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက် ဆွေးနွေးအားပေးကြသည်။

19/05/2023 - 00:00

နေပြည်တော် ၂၀၂၃ မေ ၁၉
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ဒုတိယနေ့ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲ အစီအစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ပညာရေးဝန်ကြီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမျူးချုပ်များနှင့်သက်ဆိုင်ရာတာဝန်ရှိ သူများသည် စာတမ်းဆွေးနွေးမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။

18/05/2023 - 11:00

နေပြည်တော် ၂၀၂၃ မေ ၁၈
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကို မေ ၁၈ ရက်မှ ၂၀ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပလျက်ရှိသည်။

18/05/2023 - 10:00

နေပြည်တော် ၂၀၂၃ မေ ၁၈

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

12/05/2023 - 00:00

နေပြည်တော် ၂၀၂၃ မေ ၁၂

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

09/05/2023 - 00:00

နေပြည်တော် ၂၀၂၃ မေ ၉
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူရေးအခမ်းအနားကို ယနေ့ နံနက် ၇နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်း မြို့မဈေးအနီးတွင် ကျင်းပသည်။

06/05/2023 - 00:00

နေပြည်တော် ၂၀၂၃ မေ ၅
မေ ၁၈ ရက်မှ ၂၀ ရက်အထိ နေပြည်တော်တွင် ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)အကြို ညှိနှိုင်းဆွေးနွေးပွဲအဖြစ် စာတမ်းရှင် ၄၂ ဦး၊ သဘာပတိ ကိုး ဦး၊ ပူးတွဲသဘာပတိ ၁၈ ဦးတို့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Pages