သတင်းများ

12/09/2023 - 00:00

ရန်ကုန် ၂၀၂၃ စက်တင်ဘာ ၁၂
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ မြန်မာစာပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများနှင့် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

09/09/2023 - 00:00

နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၉
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Shukshin Altai State University for Humanities and Pedagogy တို့ပူးပေါင်း၍ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ရုရှားဘာသာဌာန၊ ရုရှားဘာသာစကားသင်တန်းနှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။

08/09/2023 - 00:00

နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၈
၂၀၂၃ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

05/09/2023 - 18:19

နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ လူငယ်သီတင်းပတ်(Youth Week)အထိမ်းအမှတ် လူငယ်စွမ်းရည်ပြပွဲများကို လှည့်လည်ကြည့်ရှုအားပေးသည်။

04/09/2023 - 00:00

နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinary Kumar ကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

04/09/2023 - 00:00

နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၄
ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ လူငယ်သီတင်းပတ် (Youth Week) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

31/08/2023 - 00:00

ရန်ကုန် ၂၀၂၃ ဩဂုတ် ၃၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရန်မြို့၌ ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ်၊ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်ခဲ့ သော ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။

30/08/2023 - 00:00

နေပြည်တော် ၂၀၂၃ ဩဂုတ် ၃၀
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့တွင် ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ကွေ့ကျိုးတက္ကသိုလ် (Guizhou University)သို့ သွားရောက်လေ့လာရာ တက္ကသိုလ်မှတာဝန်ရှိသူများက တက္ကသိုလ်ရှိ စာကြည့်တိုက်၊ လက်တွေ့ခန်းများ၊ တက္ကသိုလ် သမိုင်းပြတိုက်နှင့် တက္ကသိုလ်အတွင်း လိုက်လံရှင်းလင်းပြသကြသည်။

29/08/2023 - 00:00

နေပြည်တော် ၂၀၂၃ ဩဂုတ် ၂၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့ရှိ ပြည်နယ်ခန်းမ၌ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ တရုတ်-အာဆီယံပညာရေး ပူးပေါင်း ဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်သည်။

28/08/2023 - 00:00

နေပြည်တော် ၂၀၂၃ ဩဂုတ် ၂၈
၂၀၂၃ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် Howard Johnson Hotel တတိယထပ်ရှိ ဧည့်ခန်းမ၌ တရုတ်- အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun ပါဝင်သည့်အဖွဲ့နှင့် တွေ့ဆုံသည်။

Pages